DVB Logo
Home
နိုင်ငံတကာ
အာဏာလွှဲမည်ဟု စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်း ကြေညာ
DVB
·
April 15, 2024
အာဏာလွှဲမည်ဟု စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်း ကြေညာ
Donate to DVB

အသက် ၇၂ နှစ်ရှိပြီဖြစ်တဲ့ စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်းဟာ ဆက်ခံသူ လောရင့်စ်ဝေါင်ကို မေ ၁၅ ရက်မှာ အာဏာလွှဲမှာဖြစ်တယ်လို့ ကြေညာပါတယ်။

အသက် ၅၁ နှစ်ရှိပြီဖြစ်တဲ့ ဝေါင်ဟာ လက်ရှိမှာ ဒုတိယဝန်ကြီးချုပ်နဲ့ ဘဏ္ဍာရေးဝန်ကြီးတာဝန် ယူထားသူဖြစ်ပြီး ၂၀၂၂ ကတည်းက ဆက်ခံသူအဖြစ် ရွေးချယ်ခံထားရသူ ဖြစ်ပါတယ်။

ခေါင်းဆောင်မှုအကူးအပြောင်းဟာ အရေးပါတဲ့အခိုက်အတန့် ဖြစ်တယ်လို့ ဝန်ကြီးချုပ်ရုံး ဝက်ဘ်ဆိုက်မှာ ထုတ်ပြန်ထားတဲ့ ကြေညာချက်မှာ ပါရှိပါတယ်။

ဒီအာဏာလွှဲပြီးနောက်ပိုင်း လအနည်းငယ်အကြာမှာ ရွေးကောက်ပွဲကျင်းပဖို့ ရှိနေပါတယ်။ စင်ကာပူနိုင်ငံဟာ ဒီမိုကရေစီနိုင်ငံဖြစ်ပေမဲ့ လွတ်လပ်ရေးကြေညာပြီးကတည်းက တပါတီတည်းကပဲ အုပ်ချုပ်လာခဲ့တာ ဖြစ်ပါတယ်။

လက်ရှိဝန်ကြီးချုပ် လီရှန်လွန်းရဲ့ဖခင် လီကွမ်ယု တည်ထောင်ခဲ့တဲ့ ပြည်သူ့လှုပ်ရှားမှုပါတီ (PAP) ဟာ ရွေးကောက်ပွဲတိုင်း အနိုင်ရခဲ့ပြီး လွှတ်တော်ကို အလုံးစုံနီးပါး ချုပ်ကိုင်ထားနိုင်ပါတယ်။ လက်ရှိမှာလည်း အမတ်နေရာ ၁၀၀ မှာ ၇၉ နေရာ ရထားပါတယ်။

Source/Photo-Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013