DVB Logo
Home
မြန်မာသတင်း
၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေ ဖျက်သိမ်းမည့်အပေါ်  ရိုဟင်ဂျာအရေးလှုပ်ရှားသူများ ကြိုဆို
DVB
·
April 13, 2024
၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေ ဖျက်သိမ်းမည့်အပေါ်  ရိုဟင်ဂျာအရေးလှုပ်ရှားသူများ ကြိုဆို
Donate to DVB

၁၉၈၂ နိုင်ငံသားဥပဒေကို ဖျက်သိမ်းမယ်လို့ ပြည်သူ့ညီလာခံမှာ ဆုံးဖြတ်လိုက်တဲ့အပေါ် ရိုဟင်ဂျာတွေနဲ့ မြန်မာမွတ်စလင် အသိုက်အဝန်းက ကြိုဆိုလိုက်ပါတယ်။

ဧပြီ ၄ ရက်ကနေ ၉ ရက်နေ့အထိ ငါးရက်ကြာကျင်းပခဲ့တဲ့ ဒုတိယအကြိမ် ပြည်သူ့ညီလာခံကနေ အခုလို ဆုံးဖြတ်လိုက်တာဖြစ်ပြီး ဒါဟာ ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်အရ ရာနှုန်းပြည့် မှန်ကန်တဲ့ လုပ်ရပ်ဖြစ်တယ်လို့  အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးမိုဃ်းသွေးက ပြောပါတယ်။

ရိုဟင်ဂျာအရေး ဆောင်ရွက်နေသူ ရိုနေဆန်းလွင်ကလည်း ၁၉၈၂ ဥပဒေကို တော်လှန်ရေးအစိုးရက ဖျက်သိမ်းမယ်ဆိုတာကို ကြီးမားတဲ့ အရွေ့တခုအနေနဲ့ ကြိုဆိုကြောင်း၊ ရိုဟင်ဂျာတွေအနေနဲ့ကတော့ မွေးရာပါ နိုင်ငံသားရပိုင်ခွင့်ရှိကြောင်း၊ ဘယ်ဒေသကမှ ခိုး၀င်လာသူတွေမဟုတ်ဘူးဆိုတာ သမိုင်းဆိုင်ရာသက်သေတွေရှိတယ်လို့ ပြောပါတယ်။

ဒီဥပဒေက လူနည်းစု အစ္စလာမ်ဘာသာဝင်တွေအတွက်သာမက ဗုဒ္ဓဘာသာဝင်တွေကိုလည်း  အခက်အခဲဖြစ်စေကြောင်း၊ တချို့နိုင်ငံရေးလုပ်သူတွေဟာ မြန်မာနိုင်ငံသားအဖြစ်ကနေ ရပ်စဲခံနေရတာတွေရှိတာကြောင့် အခုလိုကာလမှာ အပြီးတိုင်ဖျက်သိမ်းတာက ပိုပြီး ကောင်းမွန်ကြောင်း မြန်မာမွတ်စလင်တယောက်က ပြောပါတယ်။

ရှေ့နေတယောက်ကတော့ ၁၉၈၂ ဥပဒေ အသစ်ရေးဆွဲမယ့် စေတနာကိုလေးစားပေမဲ့ လေ့လာဆန်းစစ်တာတွေ အရင်လုပ်ပြီး မူဘောင်တွေရေးဆွဲသင့်တယ်လို့ ဆိုပါတယ်။

ပြီးတော့ လူနည်းစုတွေကိုလည်းချပြပြီး လိုအပ်သလိုပြင်ဆင်ပြီးမှ သက်ဆိုင်တဲ့ လူထုအသိုင်းအဝိုင်းကို ပြန်ချပြပြီး မူဘောင်ကိုပြင်ဆင်ပြီးမှ တော်လှန်ရေးကာလအလွန်မှာ ပေါ်ပေါက်လာတဲ့ လွှတ်တော်မှာ ဆွေးနွေးပြီး ဥပဒေအသစ်ကို အတည်ပြုပြဋ္ဌာန်းသင့်တယ်လို့ ထောက်ပြပါတယ်။

၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေကိုဖျက်သိမ်းပေးဖို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်ဟောင်းလည်းဖြစ် လက်ရှိ မြန်မာအရေးအတိုင်ပင်ခံကောင်စီအဖွဲ့ဝင်လည်း ဖြစ်တဲ့  မစ္စယန်ဟီးလီက ပြည်သူ့ညီလာခံဖွင့်ပွဲမိန့်ခွန်းမှာ တိုက်တွန်းပြောကြားခဲ့ပါတယ်။

၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေအပါအဝင် လူနည်းစုတွေကို ဖိနှိပ်ရာရောက်တဲ့ဥပဒေတွေကို ပယ်ဖျက်တာ အပါအဝင် ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီး မစ်ရှဲလ်ဘာချီလက်က ၂၀၂၂ ခုနှစ်က ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမှာ ပြုလုပ်တဲ့ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ အစည်းအဝေးမှာ အကြံပြုတိုက်တွန်းခဲ့ပါတယ်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ကလည်း  ၂၀၁၅ အမျိုးဘာသာ ကာကွယ်စောင့်ရှောက်ရေးဥပဒေတွေနဲ့ ၁၉၈၂ နိုင်ငံသားဥပဒေများအပါအဝင် ခွဲခြားဆက်ဆံတဲ့  ဥပဒေတွေကို  ပြင်ဆင်ရေးဆွဲတာ ဒါမှမဟုတ် ဖျက်သိမ်းဖို့ လုပ်ဆောင်သွားမှာဖြစ်ကြောင်း NUG ရဲ့ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ဖူးပါတယ်။ 

မင်းညို

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013