DVB Logo
Home
အားကစား
တိုက်စစ်မှူးဟာလန်း ကမ္ဘာ့အဆင့်ကစားသမား မဖြစ်သေးကြောင်း ကာရေဂါ ဝေဖန်
DVB
·
April 13, 2024
တိုက်စစ်မှူးဟာလန်း ကမ္ဘာ့အဆင့်ကစားသမား မဖြစ်သေးကြောင်း ကာရေဂါ ဝေဖန်
Donate to DVB

မန်စီးတီးအသင်းတိုက်စစ်မှူး ဟာလန်းဟာ ကမ္ဘာ့အဆင့် ကစားသမားမဖြစ်သေးကြောင်း အင်္ဂလန်နဲ့ လီဗာပူးနောက်ခံလူဟောင်း ကာရေဂါက ဝေဖန်လိုက်ပါတယ်။ 

နော်ဝေတိုက်စစ်မှူးဟာ မန်စီးတီးအတွက် စုစုပေါင်းပွဲ ၉၀ မှာ ၈၂ ဂိုးအထိ သွင်းယူထားသူဖြစ်ပေမဲ့ ကမ္ဘာ့အဆင့်ကစားသမား တဦးအဖြစ် သတ်မှတ်လို့ မရသေးကြောင်း ကာရေဂါက ပြောပါတယ်။

ဟာလန်းက ထိပ်တန်းတိုက်စစ်မှူးဖြစ်သလို ကမ္ဘာ့အခမ်းနားဆုံး ဂိုးသွင်းသူအဖြစ် သတ်မှတ်နိုင် ပေမဲ့ ကမ္ဘာ့အဆင့် ကစားသမားဖြစ်လာဖို့ တော့ လိုအပ်ချက်တွေရှိ နေသေးကြောင်း ကာရေဂါက ပြောပါတယ်။

ဟာလန်းအနေနဲ့ ကမ္ဘာ့အဆင့်နောက်ခံ လူတွေဖြစ်တဲ့ ရီးရဲလ်က ရူဒီဂါ၊ လီဗာပူးက ဗန်ဒိုက်နဲ့ အာဆင်နယ်က ဆာလီဘာတို့နဲ့ ရင်ဆိုင်ခဲ့ရာမှာ ဂိုးသွင်းယူ နိုင်ခြင်း မရှိတာကိုလည်း ကာရေဂါက ထောက်ပြပါတယ်။ 

ဟာလန်းအနေနဲ့ ပရီးမီးယားလိဂ်သမိုင်းရဲ့ အကောင်းဆုံး တိုက်စစ်မှူးတွေဖြစ်ကြတဲ့ အွန်နရီ၊ ဆွာရက်ဇ်နဲ့ ဟယ်ရီကိန်းတို့လို အဆင့်အတန်း ရောက်ဖို့ လိုအပ်သေးပြီး အဲဒီတိုက်စစ်မှူးတွေက ပွဲကြီးတွေမှာ ဂိုး မသွင်းနိုင် ခဲ့ရင်တောင် ကြီးမားတဲ့ သက်ရောက်မှုတွေ ပေးစွမ်းနိုင်ကြကြောင်း ကာရေဂါက ပြောပါတယ်။ 

Photo-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013