DVB Logo
Home
မြန်မာသတင်း
ဘုန်းကြီး ၂ ပါးက အရက်မူးပြီး ကံတော်ကျောင်းထိုင်ဆရာတော်ကို ဓားနှင့်ထိုးရန်လုပ်သဖြင့် ရဲကဖမ်းဆီး
DVB
·
April 12, 2024
ဘုန်းကြီး ၂ ပါးက အရက်မူးပြီး ကံတော်ကျောင်းထိုင်ဆရာတော်ကို ဓားနှင့်ထိုးရန်လုပ်သဖြင့် ရဲကဖမ်းဆီး
Donate to DVB

ပဲခူးတိုင်း အုတ်တွင်းမြို့နယ် မဲကုန်းရပ်ကွက် ကံတော်ဘုန်းကြီးကျောင်းမှာ ဧပြီ ၁၁ ရက် ည ၈ နာရီခွဲလောက်က လာရောက်တည်းခိုတဲ့ အမျိုးသားရေးလှုပ်ရှားတဲ့ ဘုန်းကြီးနှစ်ပါးက အရက်မူးပြီး ကျောင်းထိုင်ဆရာတော်ကို ဓားနဲ့ခုတ်ဖို့လုပ်တာကြောင့် ရဲက ဖမ်းဆီးသွားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

မနေ့ညက ကံတော်ဘုန်းကြီးကျောင်းမှာ ဘုန်းကြီး ၂ ပါးက အရက်မူးပြီး ကျောင်းထိုင်ဘုန်းကြီးကို ဓားနဲ့ခုတ်ဖို့လုပ်လို့ ရပ်ကွက်က ဝိုင်းဖမ်းကာ ရဲလက်ကို အပ်ခဲ့တယ်လို့ မြို့ခံတဦးက ပြောပါတယ်။

"ကံတော်ဘုန်းကြီးကျောင်းက မဟုတ်ဘူး မဘသကိုယ်တော်တွေ၊ ပဲခူးသံဃနာယကခွင့်ပြုချက်နဲ့ ကျောင်းမှာလာတည်းတာ။ ဘုန်းကြီးကျောင်းမှာ အရက်မသောက်ဖို့ ကျောင်းထိုင်က ပြောတာ။ တပါးက ဓာနဲ့ခုတ်ဖို့လုပ်တယ်၊ နောက်တပါးက ရိုက်ဖို့လုပ်တယ်။"

အဆိုပါဘုန်းကြီး ၂ ပါးမှာ လွန်ခဲ့တဲ့လက ပဲခူးမြို့အတွင်း တပ်မတော်ကြိုဆို ထောက်ခံပွဲတွေအတွက် ရောက်ရှိနေတဲ့ အမျိုးသားရေးလှုပ်ရှားတဲ့ ဘုန်းကြီးတွေဖြစ်ပြီး ပဲခူးမြို့နယ်သံဃနာယကဥက္ကဋ္ဌက အုတ်တွင်းမြို့နယ် ကံတော်ကျောင်းတိုက်မှာ သီတင်သုံးဖို့ ညွှန်ကြားခဲ့တာလို့ အုပ်ချုပ်ရေးနဲ့နီးစပ်သူတဦးက ပြောပါတယ်။

“ညက ရပ်ကွက်ကရော၊ ဘုန်းကြီးကျောင်းကပါ ဝိုင်းဖမ်းပြီး ရဲလက်ကိုအပ်လိုက်တာ။ ရဲစခန်းက အမှုဖွင့်ထားတယ် ရပ်ကွက်က မဘသဘုန်းကြီးနှစ်ပါးကို ဒေါသထွက်နေတယ်။” 

လတ်တလော အုတ်တွင်းမြို့မရဲစခန်းက ဘုန်းကြီး ၂ ပါးကို လူဝတ်လဲကာ သာသနာ ညှိုးနွမ်းစေမှု ပုဒ်မ ၂၉၅/၂၉၅-က နဲ့ အမှုဖွင့်အရေးယူထားတယ်လို့ ရဲစခန်းနဲ့နီးစပ်သူတွေဆီက သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013