DVB Logo
Home
မြန်မာသတင်း
ဖားဆောင်းသို့ စစ်ကူလာသည့် စစ်ကောင်စီတပ်ကို ကရင်နီပူးပေါင်းအဖွဲ့ တိုက်ခိုက်၊ ၃၀ ကျော် သေဆုံးပြီး ၆၀ နီးပါ လက်လက်ချ
DVB
·
April 12, 2024
ဖားဆောင်းသို့ စစ်ကူလာသည့် စစ်ကောင်စီတပ်ကို ကရင်နီပူးပေါင်းအဖွဲ့ တိုက်ခိုက်၊ ၃၀ ကျော် သေဆုံးပြီး ၆၀ နီးပါ လက်လက်ချ
Donate to DVB

ကရင်နီ (ကယား) ပြည်နယ် ဖားဆောင်းမြို့ရှိတဲ့ စစ်ကောင်စီတပ်ကို စစ်ကူလာတဲ့ အင်အား ၁၀၀ ကျော်ဟာ ဖားဆောင်းမြို့မရောက်ခင် ပါပူးကျေးရွာမှာ ကရင်နီပူးပေါင်းတပ်တွေက ဝိုင်းဝန်းပိတ်ဆို့ တိုက်ခိုက်ခဲ့တာကြောင့် ၃၀ ကျော် သေဆုံးပြီး ၅၈ ဦး လက်နက်ချခဲ့တယ်လို့ တိုက်ပွဲမှာပါဝင်တဲ့ ရဲဘော်တဦးက ပြောပါတယ်။

ဖားဆောင်းမြို့မှာ စစ်ကောင်စီရဲ့ ခြေလျင်တပ်ရင်း- ခလရ ၁၃၄ နဲ့ ၁၃၅ တပ်စခန်း ၂ ခု ကျန်ရှိနေပြီး သူတို့အတွက် စစ်ကူလာတဲ့ ဘောလမြို့ဘက်က  အင်အား ၁၀၀ ကျော်ပါ စစ်ကြောင်းကို ကရင်နီပူးပေါင်းတပ်တွေက  ဧပြီ ၁၁ ရက်က ပိတ်ဆို့တိုက်လိုက်ခဲ့တာလို့ ဆိုပါတယ်။

“သူ့တို့ဘက်မှာ အကျအဆုံး ၃၀ ကျော် ၄၀ ရှိတယ်။ ၅၈ ယောက်တော့ သူတို့ လက်နက်ချတယ်။ လက်နက်ချတဲ့အထဲမှာလည်း ဒဏ်ရာရပြီးတော့ ဆုံးသွားသူ အများကြီးရှိနိုင်တဲ့ အနေအထားမျိုးဖြစ်တယ်။ လက်နက်ချတဲ့အထဲမှာ ဒုတပ်ရင်းမှူးတယောက်ပါတယ်။ တပ်ရင်းမှူး ၂ ယောက်ပါတာကို ၁ ယောက်က ကျသွားတယ်။ လက်နက်ချတဲ့အထိ အကောင်းတိုင်းက ၃၀ လောက်ပဲ ရှိမယ်ထင်တယ်။”

ကရင်နီ တပ်ပေါင်းစုတွေဘကက်တော့ ဒီတိုက်ပွဲမှာ ၄ ယောက် ဒဏ်ရာရရှိခဲ့ပေမဲ့ စိုးရိမ်စရာမရှိဘူးလို့ ဆိုပါတယ်။

ဖားဆောင်းမြို့ အခြေစိုက် ခလရ- ၁၃၄ နဲ့ ၁၃၅ ကို တော်လှန်ရေးတပ်ပေါင်းစုတွေက ဝိုင်းဝန်းပိတ်ဆို့ကာ မြို့သိမ်းတိုက်ပွဲ ဆင်နွှဲနေတာ  ၂ လကျော်နေပြီဖြစ်ပါတယ်။ ဒီလို ထိုးစစ်တိုက်ခိုက်တာကို စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုတွေ  ဆက်တိုက်ပြုလုပ်နေတာကြောင့် အရပ်သားထိခိုက်သေဆုံးမှုတွေလည်း ရှိခဲ့သလို နေအိမ်အတော်များများလည်း မီးလောင်ပျက်စီးခဲ့ရပါတယ်။

ဖားဆောင်းမြို့သိမ်းတိုက်ပွဲမှာ ကရင်နီလူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ)၊ ကရင်နီတပ်မတော် (KA)၊ ကြယ်ဖြူ (KNSO)၊ ကရင်နီ အမျိုးသားများ ကာကွယ်ရေးတပ် (KNDF)၊ ပြည်သူ့ကာကွယ်ရေးတပ် (PDF) တပ်တွေက ပူးပေါင်းတိုက်လိုက်နေကြတာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013