DVB Logo
Home
မြန်မာသတင်း
တနင်္သာရီ စစ်ဆေးရေးဂိတ်၌ ယာဉ်မောင်း ၁ ဦးကို စစ်ကောင်စီတပ်ဗျူဟာမှူး ရိုက်နှက်
DVB
·
April 12, 2024
တနင်္သာရီ စစ်ဆေးရေးဂိတ်၌ ယာဉ်မောင်း ၁ ဦးကို စစ်ကောင်စီတပ်ဗျူဟာမှူး ရိုက်နှက်
Donate to DVB

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်က ဗောဓိကမ်းတံတား စစ်ဆေးရေးဂိတ်မှာ ဧပြီ ၁၀ ရက် ညနေပိုင်းက ဂိတ်ကိုဖြတ်သန်းမောင်းနှင်လာတဲ့ ကားသမားတဦးကို ဗိုလ်မှူးကြီးအဆင့် ရှိသူက အပြင်းအထန် ရိုက်နှက်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မြိတ်မြို့ကနေ တနင်္သာရီမြို့နယ်၊ ထုံတော်ကျေးရွာကို မောင်းနှင်လာတဲ့ ဟိုက်ဂျက်ကားတစီး ဗောဓိကမ်းတံတားက စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို ဖြတ်သန်းတဲ့အချိန် ကားမောင်းသမား ဖြစ်တဲ့ အသက် ၄၀ ကျော်အရွယ် အမျိုးသားတဦးကို ဂိတ်မှာရှိနေတဲ့ ဗျူဟာမှူးအဆင့်ရှိသူ တဦးက အပြင်းအထန် ရိုက်နှက်လိုက်ကြောင်း ဒေသခံပြည်သူတွေက ပြောပါတယ်။

ကျေးရွာနေပြည်သူတဦးက “ရိုက်နှက်ထားတာ မျက်နှာနဲ့ ဦးခေါင်းတခုလုံးမှာ အညိုအမဲစွဲတဲ့အထိ ရိုက်နှက်ထားတာပါ။ သူ့ကို ဗျူဟာမှူးလို့ မခေါ်လို့ဆိုပြီး ၂ နာရီနီးပါးအထိကြာအောင် ရိုက်ပစ်လိုက်တာတဲ့။ လူတော့ နာလန်မထူနိုင်တော့ဘူး။ ကားမှာပါလာတဲ့ ခရီးသည်‌တွေတော့ ဘာမှမလုပ်ဘူး” လို့ ပြောပါတယ်။

အဆိုပါနေ့မှာ ဘာသာရေးနေ့တနေ့ဖြစ်တဲ့ အိဒ်နေ့ ကျရောက်တာကြောင့် ကားမောင်းသမားမှာ ထုံတော်ရွာကနေ မြိတ်မြို့ကို ခရီးစဥ်ပို့ဆောင်ပေးပြီးနောက် ခရီးသည်တွေနဲ့အတူ ထုံတော်ရွာကို ပြန်လာတဲ့အချိန် စစ်ဆေးရေးဂိတ်မှာ ၂ နာရီကြာတဲ့အထိ ရိုက်နှက်ခံရတာဖြစ်ကြောင်း ပြောပါတယ်။

“သူတို့ရဲ့ နေ့ထူးနေ့မြတ် အိဒ်နေ့ဆိုတော့ ရွာကနေ မြိတ်ကို ကားငှားသွားကြတာပါ။”

ဒါ့အပြင် ဂိတ်ကနေ ဖြတ်သန်းသွားလာတဲ့ ကုန်ကားတွေမှာ ဆန်အိတ် ၁ဝ အိတ်အထက် ပိုသယ်ဆောင်တာမျိုး ရှိပါက သိမ်းဆည်းတာမျိုးအပြင် ကားသမားတွေကို ရိုက်နှက်စစ်ဆေးတာတွေလည်း ရှိနေကြောင်း သိရပါတယ်။

ခရီးသည်ကားနဲ့ ကုန်ကားတွေအပေါ်မှာ အစစ်အဆေး တင်းကျပ်တယ်လို့ သတင်းထွက်ပေါ်နေတဲ့ ဗောဓိကမ်းတံတား စစ်ဆေးရေးဂိတ်မှာ ငွေကြေး မတရားတောင်းရမ်းတဲ့အပြင် ကားမောင်းသမားတွေကို ရိုက်နှက်ဖမ်းဆီးမှုတွေ လုပ်‌ဆောင်တာကြောင့် အရပ်သားပြည်သူတွေ စိုးရိမ်ကြောက်ရွံ့နေရတဲ့ စစ်ကောင်စီဂိတ်တခုလည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013