DVB Logo
Home
မြန်မာသတင်း
အမ်းအခြေစိုက် နပခကို AA တိုက်ခိုက်၊ စစ်ကောင်စီတပ်က ဗိုလ်မှူးကြီး ၁ ဦး သေဆုံး
DVB
·
April 12, 2024
အမ်းအခြေစိုက် နပခကို AA တိုက်ခိုက်၊ စစ်ကောင်စီတပ်က ဗိုလ်မှူးကြီး ၁ ဦး သေဆုံး
Donate to DVB

ရခိုင်ပြည်နယ်၊ အမ်းမြို့အခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ကို ရက္ခိုင့်တပ်တော် (AA) က တိုက်ခိုက်နေတာမှာ စစ်ကောင်စီတပ်က ဗိုလ်မှူးကြီးတဦး သေဆုံးပြီး အရာရှိတချို့လည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ အမ်းမြို့ခံတွေက ပြောပါတယ်။

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ကို ဧပြီ ၉ ရက်ကတည်းက ရက္ခိုင့်တပ်တော်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်နေတာဖြစ်ပြီး အမှတ် ၈ အဆင့်မြင့်ဆက်သွယ်ရေး တပ်ရင်းထဲကို ကျရောက်ပေါက်ကွဲခဲ့ပြီး ဗိုလ်မှူးကြီးတဦး သေဆုံးခဲ့တယ်လို့ အမ်းမြို့ခံ စစ်ရေးအကဲခတ်တဦးက ပြောပါတယ်။

“နပခထဲကို ဧပြီ ၉ ရက် ညကတည်းက AA က လက်နက်ကြီးတွေနဲ့ လှမ်းပစ်နေတာ။ ထိုးစစ်ဆင် တိုက်ခိုက်နေတာမျိုးတော့ မဟုတ်သေးဘူး။ နပခအထဲက အမှတ် ၈ အဆင်မြင့် ဆက်သွယ်ရေးတပ်ထဲမှာ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ဗိုလ်မှူးကြီးတဦး သေဆုံးခဲ့ပြီးတော့ နောက်ထပ်အရာရှိတချို့လည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့တော့ တပ်တွင်းသတင်းရင်းမြစ်တွေဆီက သိရတယ်။”

အမ်းမြို့နယ်အတွင်းရှိ အမှတ် ၈ ဆက်သွယ်ရေးတပ်၊ နတ်စင်တောင်နဲ့ တောဟိန်းတောင် ဗျူဟာကုန်း အပါအဝင် တပ်စခန်းငယ်တချို့ကို ရက္ခိုင့်တပ်တော်က မတ် ၂၄ ရက်ကတည်းက ထိုးစစ်ဆင် တိုက်ခိုက်နေတာဖြစ်ပြီး စစ်ကောင်စီဘက်ကလည်း လေကြောင်းပစ်ကူ၊ လက်နက်ကြီးပစ်ကူတွေနဲ့ အပြင်းအထန် ခုခံနေတယ်လို့ သိရပါတယ်။

အမ်းမြို့နယ်အတွင်းမှာ စစ်ကောင်စီနဲ့ AA တို့ တိုက်ပွဲပြင်းထန်နေတာကြောင့် အမ်းမြို့ခံတချို့ အပါအဝင် ကျေးရွာပေါင်း ၃၀ ကျော်က သောင်းနဲ့ချီတဲ့ ဒေသခံတွေဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

အမ်းမြို့အနီးမှာ တိုက်ပွဲဖြစ်ပွားနေပေမဲ့ စစ်ကောင်စီက လုံခြုံရေးတင်းကျပ်ထားတာကြောင့် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်လို့ မရဘူးဖြစ်နေတယ်လို့ အမ်းမြို့တွင်း ပိတ်မိနေသူ တဦးက ပြောပါတယ်။

“အမ်းမြို့ကို ရခိုင်မှာ တိုက်ပွဲစဖြစ်ကတည်းက စစ်ကောင်စီက တင်းကျပ်ထားတာ။ အခု နပခပါ တိုက်ခိုက်ခံလာရတော့ မြို့အဝင်အထွက်လမ်းတွေပါ ဖြတ်တောက်ပြီး ပိတ်လိုက်တာ။ နပခထဲကို လက်နက်ကြီးစပစ်တဲ့နေ့ကဆိုရင် မြို့ထဲတော်တော်လေး အုတ်အော်သောင်းတင်း ဖြစ်သွားကြတယ်။ အခု မြို့တွင်းကျန်ရှိနေသေးတဲ့ သူတွေကလည်း မြို့ကထွက်လို့ မရကြတော့ဘူး။”

တိုက်ပွဲပြင်းထန်နေပြီး မြို့ကို ပိတ်ဆို့ခံထားရတဲ့ အမ်းမြို့မှာ ဆန်ရိက္ခာ အပါအဝင် စားနပ်ရိက္ခာ ပြတ်လပ်မှုတွေ ရှိလာနေပါတယ်။

အမ်းမြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားနေပြီး အမ်း-ပဒါန်း ကားလမ်းကိုလည်း ဧပြီ ၂ ရက်က ရက္ခိုင့်တပ်တော်က အရေးပေါ် ပိတ်လိုက်ပါတယ်။

ရခိုင်နဲ့ ချင်းပြည်နယ်မှာ ရက္ခိုင့်တပ်တော်က မြို့ ၁၀ မြို့အထိ သိမ်းပိုက်ရရှိထားပြီး အမ်း၊ ဘူးသီးတောင်၊ မောင်တောနဲ့ မြေပုံမြို့နယ်တွေက စစ်ကောင်စီတပ်စခန်းတွေကိုလည်း အပြင်းအထန် ထိုးစစ်ဆင် တိုက်ခိုက်နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013