DVB Logo
Home
မြန်မာသတင်း
စစ်အုပ်စုလက်အောက်ခံ MPT နှင့်ပူးပေါင်းသည့် ဂျပန်ဆက်သွယ်ရေးကုမ္ပဏီ ဒေါ်လာသန်းချီ အရှုံးပေါ် 
DVB
·
April 11, 2024
စစ်အုပ်စုလက်အောက်ခံ MPT နှင့်ပူးပေါင်းသည့် ဂျပန်ဆက်သွယ်ရေးကုမ္ပဏီ ဒေါ်လာသန်းချီ အရှုံးပေါ် 
Donate to DVB

စစ်အုပ်စုလက်အောက်ခံ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း MPT နဲ့ အကျိုးတူ ပူးပေါင်းလုပ်ကိုင်နေတဲ့ ဂျပန်ကုမ္ပဏီ KDDI နဲ့ Sumitomo တို့က ဒေါ်လာသန်းချီ လုပ်ငန်းအရှုံးပေါ်နေတယ်လို့ပြောကြောင်း ဂျပန်အခြေစိုက် နစ်ကေးအေးရှ သတင်းတပုဒ်မှာ ဖော်ပြပါတယ်။

အခုနှစ် မတ်လကုန်အထိ ဘဏ္ဍာနှစ်မှာ ယန်း ၁၀၅ ဘီလီယံ (အမေရိကန်ဒေါ်လာ သန်း ၆၉၀) ဆုံးရှုံးခဲ့တယ်လို့ ဧပြီ ၁၀ ရက် မနေ့က ထုတ်ပြန်လိုက်တာဖြစ်ပြီး အဆိုပါကုမ္ပဏီ ၂ ခု ပူးပေါင်းထားတဲ့ KDDI Summit Global Myanmar (KSGM) ကုမ္ပဏီဟာ ပြီးခဲ့တဲ့ အရပ်သားအစိုးရ လက်ထက်တုန်းက MPT နဲ့ အကျိုးတူလုပ်ငန်းအဖြစ် အမေရိကန်ဒေါ်လာ ၂ ဘီလီယံ ရင်းနှီးမြှုပ်နှံထားတာပါ။

KDDI အနေနဲ့ မတ်လကုန် ဘဏ္ဍာရေးနှစ်အတွက် သူတို့ရဲ့ အသားတင်အမြတ်ငွေ ခန့်မှန်းချက်ကို ယန်း ၄၅ ဘီလီယံကနေ ၆၃၅ ဘီလီယံအထိ ပြန်လည်ပြင်ဆင်ခဲ့ပြီး ကုမ္ပဏီ အမြတ်ငွေက အရင်ခန့်မှန်းချက်ထက် အနည်းငယ်တိုးလာတာနဲ့ နှိုင်းယှဉ်ပါက တနှစ်ထက်တနှစ် ၆ ရာခိုင်နှုန်းထိ ကျဆင်းသွားဖွယ်ရှိနေတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာတော့ ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ်က တင်ဒါအောင်ခဲ့တဲ့ ကာတာနိုင်ငံ အခြေစိုက် အော်ရီဒူးနဲ့ နော်ဝေနိုင်ငံအခြေစိုက် တယ်လီနောကုမ္ပဏီတို့ မတိုင်ခင်အထိ MPT က မြန်မာ့ဆက်သွယ်ရေးကဏ္ဍမှာ အဓိကဖြစ်နေခဲ့တာပါ။

လတ်တလော အရှုံးပေါ်နေတဲ့ ဂျပန်ကုမ္ပဏီ ၂ ခုကတော့ တင်ဒါရှုံးခဲ့ပေမဲ့ MPT ရဲ့ ဖိတ်ခေါ်မှုနဲ့ ၂၀၁၄ ခုနှစ်မှာ အကျိုးတူလုပ်ငန်းအနေနဲ့ ဝင်ရောက်လာခဲ့တာပါ။

လတ်တလော စစ်အာဏာသိမ်းမှုတွေနဲ့ ရင်ဆိုင်နေရတဲ့ မြန်မာနိုင်ငံမှာတော့ ပြည်သူတွေကို အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်နေတဲ့ စစ်အုပ်စုဆီ ဘဏ္ဍာငွေ ရှာဖွေပေးနေတဲ့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေကို ရုပ်သိမ်းဖို့ တောင်းဆိုရာမှာ နော်ဝေအခြေစိုက် တယ်လီနော ဆက်သွယ်ရေးလုပ်ငန်းစုက  သူ့ရဲ့ရှယ်ယာတွေကို  လက်ဘနွန်အခြေစိုက် M1 Group က ဝယ်ယူခဲ့ပြီး စစ်ကောင်စီနဲ့ ပတ်သက်ဆက်နွှယ်နေတဲ့ ရွှေဗျိုင်းဖြူစီးပွားရေးလုပ်ငန်းစုထံ လွှဲပြောင်းရောင်းချခဲ့ပြီး ထွက်ခွာသွားခဲ့ပြီဖြစ်ကာ ဂျပန်ကုမ္ပဏီ ၂ ခုကတော့ ဆက်လက်လုပ်ကိုင်နေပါတယ်။

Justice for Myanmar အဖွဲ့ အပါအဝင် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားတဲ့ အဖွဲ့တွေက KSGM ကုမ္ပဏီက အကျိုးတူပူးပေါင်းထားတဲ့ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း MPT ဟာ စစ်တပ်နဲ့ ဆက်စပ်နေတဲ့ လုပ်ငန်းတခုဖြစ်တယ်လို့ ထုတ်ဖော်ထားပြီးတော့ စစ်အုပ်စု လက်အောက်ခံ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးဌာန (MOTC) လက်အောက်က နိုင်ငံပိုင်လုပ်ငန်းတခု ဖြစ်ပါတယ်။

ဒါ့အပြင် MOTC ဟာ စစ်အုပ်စုရဲ့ အကြမ်းဖက်မှုကို ကျယ်ကျယ်ပြန့်ပြန့် လှုံ့ဆော်ရာမှာ လက်နက်တခုဖြစ်နေပြီး MPT က စစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို ငွေကြေးထောက်ပံ့နေတယ်လို့လည်း ပြောထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013