DVB Logo
Home
မြန်မာသတင်း
လောင်စာဆီမဖြည့်နိုင်သဖြင့် ရခိုင်ရှိ Mytel နှင့် MPT တာဝါတိုင်ရာချီ လိုင်းပြတ်တောက်မည်
DVB
·
December 8, 2023
လောင်စာဆီမဖြည့်နိုင်သဖြင့် ရခိုင်ရှိ Mytel နှင့် MPT တာဝါတိုင်ရာချီ လိုင်းပြတ်တောက်မည်
Donate to DVB

ရခိုင်ပြည်နယ်အတွင်းရှိ Mytel တာဝါတိုင် ၁၀၀ ကျော်နဲ့ MPT တာဝါတိုင် ၂၀၀ ကျော် လောင်စာဆီမထည့်နိုင်ဘဲ ဖြစ်နေတာကြောင့် ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေပါ မကြာမီ ပြတ်တောက်သွားမှာဖြစ်ကြောင်း တာဝန်ရှိသူတွေထံက သိရပါတယ်။

ပြည်နယ်ဆက်သွယ်ရေးမှ တာဝန်ရှိသူတဦးက “အဓိကကတော့ ရခိုင်မှာ လောင်စာဆီရှာမရတော့တဲ့ ပြဿနာပေါ့။ လောင်စာဆီရှာမရတဲ့ မြို့နယ်တွေက တာဝါတိုင်တွေ ဆီမထည့်နိုင်တော့ဘူး။ နောက်ပြီး တိုက်ပွဲကြောင့် သွားလို့မရတဲ့ ဒေသတွေက တာဝါတိုင်တွေလည်း ဆီမထည့်နိုင်တော့တာပါ။ လောလောဆယ် Mytel တာဝါတိုင် ၁၀၀ ကျော်နဲ့ MPT တာဝါတိုင် ၂၀၀ ကျော်လောက် လောင်စာဆီ မဖြည့်နိုင်တော့ဘူး။ မကြာမီ ရက်တပတ်လောက်ဆိုရင် တာဝါတိုင်အားလုံး ဆီပြတ်သွားမယ်။ ဖုန်းလိုင်းနဲ့ အင်တာနက်ပါ ပြတ်တောက်သွားမှာပေါ့” လို့ ပြောပါတယ်။

ရခိုင်တပြည်နယ်လုံးမှာ MPT တာဝါတိုင် ၅၀၀ ကျော်ရှိတဲ့အနက် ၂၀၀ ကျော် လောင်စာဆီ မဖြည့်နိုင်တော့သလို Mytel တာဝါတိုင် ၃၀၀ ကျော်အနက် ၁၀၀ ကျော်မှာလည်း လောင်စာဆီ မဖြည့်နိုင်တော့တာပါ။

မင်းပြားဒေသခံတဦးက “နယ်ဘက်က ကျေးရွာတွေဆို ဖုန်းလိုင်းမမိတော့ဘူး။ ဖုန်းလိုင်းမမိတော့ ဘယ်က အင်တာနက် သုံးလို့ရတော့မလဲ။ မြို့ပေါ်တွေမှာတောင် Wifi တွေပြတ်နေတဲ့မြို့တွေ များလာနေတယ်။ ဒီလိုသာ နောက် ၁၀ ရက် တပတ်လောက်ဆို ရခိုင်ပြည်တခုလုံး ဆက်သွယ်ရေး ပြတ်တောက်သွားမှာပါ” လို့ ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ နိုဝင်ဘာ ၁၃ ရက်ကစပြီး ရက္ခိုင့်တပ်တော် (အေအေ) က စစ်ကောင်စီတပ်တွေကို တကျော့ပြန် ထိုးစစ်ဆင် တိုက်ခိုက်လာပြီးနောက် စစ်ကောင်စီက ရခိုင်တပြည်နယ်လုံးရှိ ကုန်းလမ်း၊ ရေလမ်း အားလုံး ပိတ်ထားတာကြောင့် ရခိုင်ပြည်နယ်မှာ လောင်စာဆီ ပြတ်လပ်နေပြီး ဆက်သွယ်ရေးတာဝါတိုင်တွေမှာ လောင်စာဆီမဖြည့်နိုင် ဖြစ်နေပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013