DVB Logo
Home
မြန်မာသတင်း
မြဝတီမြို့စောင့်တပ်ရင်း  ခလရ ၂၇၅ စခန်းသိမ်းတိုက်ပွဲ  ပြင်းထန်
DVB
·
April 10, 2024
မြဝတီမြို့စောင့်တပ်ရင်း  ခလရ ၂၇၅ စခန်းသိမ်းတိုက်ပွဲ  ပြင်းထန်
Donate to DVB

ကရင်ပြည်နယ်၊ မြဝတီမြို့စောင့်တပ်ရင်း ခလရ ၂၇၅ စခန်းကို သိမ်းယူနိုင်ဖို့  ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)နဲ့ ပူးပေါင်းတပ်တွေက တိုက်ခိုက်နေရာမှာ တိုက်ပွဲ ပြင်းထန်ဖြစ်ပွားနေတယ်လို့  ကရင်တပ်ဖွဲ့တွေနဲ့နီးစပ်တဲ့ သတင်းရင်းမြစ်ကနေ သိရပါတယ်။

မြဝတီမှာ တခုတည်းကျန်ရှိတဲ့ ခလရ ၂၇၅ စစ်ကောင်စီတပ်စခန်း လက်နက်ချဖို့  ၃ ရက်တိတိ ညှိနှိုင်းဆွေးနွေးမှုတွေ  အောင်မြင်မှုမရရှိတဲ့အတွက် KNLA ပူးပေါင်းတပ်ဖွဲ့တွေက ဧပြီ ၉ ရက် မနေ့ မွန်းလွဲပိုင်းစတင်ပြီး  လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။

အနီးကပ် စခန်းသိမ်းတိုက်ပွဲကိုတော့ ဒီနေ့မနက် စတင်တိုက်ခိုက်ရာမှာ  KNLA ပူးပေါင်းတပ်ဖွဲ့တွေ  ၂၇၅ စခန်းအနီးဆုံးရောက်ရှိနေပြီး စစ်ကောင်စီဘက်ကလည်း လေယာဉ်နဲ့ ပစ်ကူပေးနေတယ်လို့ သိရပါတယ်။

မြန်မာပြည်ဘက်က ဖြစ်ပွားနေတဲ့တိုက်ပွဲတွေကို  သောင်ရင်းမြစ် တဖက်ကမ်း ထိုင်းနိုင်ငံဘက်ကနေ လှမ်းမြင်နေရတယ်လို့ မဲဆောက်မြို့မှာ နေထိုင်သူ တဦးက ပြောပါတယ်။

တိုက်ပွဲကြောင့် မြဝတီမြို့ခံတချို့ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ဘက်ကို ယာယီရွှေ့ပြောင်းနေထိုင်နေကြပြီး နှစ်နိုင်ငံနယ်စပ် ချစ်ကြည်ရေးတံတားတွေကိုလည်း ဆက်လက်ဖွင့်လှစ်ထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013