DVB Logo
Home
အားကစား
ဒေါ့မွန်က အခက်ခဲဆုံးပြိုင်ဘက်ဖြစ်ဟု အက်သလက်တီကိုနည်းပြ ဆီမြွန်နီ သုံးသပ်
DVB
·
April 10, 2024
ဒေါ့မွန်က အခက်ခဲဆုံးပြိုင်ဘက်ဖြစ်ဟု အက်သလက်တီကိုနည်းပြ ဆီမြွန်နီ သုံးသပ်
Donate to DVB

ချန်ပီယံလိဂ်ကွာတားဖိုင်နယ်မှာ တွေ့ဆုံရမယ့် ဒေါ့မွန်အသင်းက အခက်ခဲဆုံးပြိုင်ဘက်ဖြစ်တယ် လို့ အက်သလက်တီကို နည်းပြ ဆီမြွန်နီက ပြောပါတယ်။

တီကိုနဲ့ ဒေါ့မွန်အသင်းတို့ဟာ ဧပြီ ၁၁ ရက် မနက် ၁ နာရီခွဲအချိန်မှာ မက်ဒရစ်မြို့မှာ ယှဉ်ပြိုင်ကစားကြမှာပါ။

ပွဲမတိုင်ခင်သတင်းစာရှင်းလင်းပွဲမှာတော့ ဒေါ့မွန်အသင်းက အခက်ခဲဆုံးပြိုင်ဘက်ဖြစ်ပြီး အဝေးကွင်းပွဲစဉ် ရှုံးပွဲမရှိတာ ၄ လ လောက်ရှိ နေတဲ့အသင်းဖြစ်ကြောင်း တီကိုနည်းပြ ဆီမြွန်နီက ပြောပါတယ်။

ဒါ့အပြင့် အရည်အသွေးမြင့် ကစားသမားတွေလည်း အများကြီးရှိပြီး တန်ပြန်တိုက်စစ်ကစားပုံ အထူးကောင်းမွန်ကြောင်း ဆီမြွန်နီက သုံးသပ်သွားပါတယ်။

ဒေါ့မွန်နည်းပြ တာဇစ်ကတော့ တီကိုရဲ့ ခံစစ်ကစားခြင်းအနုပညာအပေါ် ချီးကျူးသွားခဲ့ပြီး ကမ္ဘာပေါ်က ဘယ်အသင်းကမှ မက်ဒရစ်မြေမှာ ကစားရလွယ်ကူမှာမဟုတ်ကြောင်း ပြောသွားပါတယ်။

source/Photo-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013