DVB Logo
Home
မြန်မာသတင်း
ဧရာဝတီတိုင်းတွင် တလအတွင်း လူ ၂၈ ဦးထက်မနည်း စစ်ကောင်စီတပ် ဖမ်းဆီး
DVB
·
April 8, 2024
ဧရာဝတီတိုင်းတွင် တလအတွင်း လူ ၂၈ ဦးထက်မနည်း စစ်ကောင်စီတပ် ဖမ်းဆီး
Donate to DVB

ဧရာဝတီတိုင်းမှာ ညမထွက်ရအမိန့်ကို ချိုးဖောက်တယ်ဆိုပြီး ပြီးခဲ့တဲ့ မတ် ၁ ရက်မှ ၃၁ ရက်အထိ တလအတွင်း ဒေသခံ ၂၈ ဦးထက်မနည်း စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့တယ်လို့ စစ်ကောင်စီတပ်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

ညမထွက်ရအမိန့် ချိုးဖောက်တယ်ဆိုပြီး အမျိုးသား ၂၅ ဦးနဲ့ အမျိုးသမီး သုံးဦး စစ်ကောင်စီရဲ့ ဖမ်းဆီးခံခဲ့ရပြီး ပုသိမ်၊ ဟင်္သာတ၊ မအူပင်၊ ဖျာပုံ၊ မြောင်းမြ၊ လပွတ္တာ၊ ပန်းတနော် ၊ ဇလွန်၊ ကြံခင်း၊ အင်္ဂပူ၊ ငပုတော၊ ဝါးခယ်မ၊ ကျုံပျော် စတဲ့မြို့နယ်တွေက အများဆုံး ဖမ်းဆီးခံခဲ့ရတာလို့ ဆိုပါတယ်။

“မအူပင်မြို့မှာ ညဆိုင်းအလုပ်ကနေ ပြန်လာတာကို ညမထွက်ရအမိန့် ချိုးဖောက်တယ်ဆိုပြီး ဖမ်းတာခံရတာ။ စစ်ကောင်စီတပ်သားတွေက မူးမူးရူးရူး မရေမရာနဲ့ အဖမ်းခံရတာ။ အဖမ်းခံရတာတွေ မနည်းဘူး။ တလအတွင်းမှာဆိုရင်တော့ အဖမ်းခံရသူ ၃၀ နီးပါးလောက် ရှိခဲ့တယ်။”

အဲဒီ ညမထွက်ရအမိန့် ချိုးဖောက်တယ်ဆိုပြီး အဖမ်းခံရသူတွေထဲမှာ လူလတ်ပိုင်းနဲ့ လူငယ်ပိုင်း အရွယ်တွေ အများဆုံးဖြစ်ပြီး မိသားစုနဲ့ ဒီနေ့အထိ တွေ့ခွင့်မရတဲ့သူတွေ ရှိနေသလို လာဖမ်းတဲ့အချိန်တွေမှာပဲ စစ်ကောင်စီတပ်နဲ့ ရဲတွေက ရိုက်နှက်တာတွေ လုပ်ခဲ့တယ်လို့ ဆိုပါတယ်။

ဖမ်းဆီးခံရတဲ့သူတွေနဲ့ နီးစပ်သူတဦးက “စစ်ကောင်စီတပ်က ဧရာဝတီတိုင်းဘက်ကို PDF တွေ ဝင်လာတယ်၊ ဝင်လာတယ်ဆိုပြီး အရင်ထက် လှည့်ကင်း ပတ်ကင်းတွေကို နေ့တိုင်းလုပ်နေတာ တွေ့ရတယ်။ ဖမ်းဆီးပြီး ဟိုအဖွဲ့နဲ့ပတ်သက်တယ်၊ ဒီအဖွဲ့နဲ့ပတ်သက်တယ်ဆိုပြီး စွပ်စွဲတာ။ ကလေးတွေကိုလည်း ရိုက်နှက်သေးတာ၊ အခုလည်း ဘယ်မှာထားမှန်း မသိပါဘူး” လို့ ပြောပါတယ်။

ဖမ်းဆီးခံရသူတွေ အများစုဟာ ဆိုင်ကယ် ကယ်ရီသမားတွေ၊ စက်ရုံဝန်ထမ်းတွေ၊ လှည့်လည်ဈေးရောင်းသူတွေ၊ မွေးမြူရေးလုပ်ငန်းရှင်တွေ၊ တောင်သူလယ်သမားတွေ အများဆုံးပါဝင်ပြီး အဲဒီ အဖမ်းခံရသူတွေကို လတ်တ‌လောအနေနဲ့ ဘယ်ပုဒ်မနဲ့မှ အမှုဖွင့်မထားသေးဘူးလို့ စစ်ကောင်စီ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတွေက ဆိုပါတယ်။

Photo - Myo Tun

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013