DVB Logo
Home
မြန်မာသတင်း
မင်းတပ်ကို စစ်ကောင်စီက ကလပ်စတာဗုံးဖြင့်တိုက်ခိုက်
DVB
·
April 6, 2024
မင်းတပ်ကို စစ်ကောင်စီက ကလပ်စတာဗုံးဖြင့်တိုက်ခိုက်
Donate to DVB

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်ကို စစ်ကောင်စီတပ်က ဆင့်ပွားထပ်ဆင့်ပေါက်ကွဲစေတဲ့ ကလပ်စတာဗုံး အသုံးပြုတိုက်ခိုက်ခဲ့တယ်လို့ မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဧပြီ ၅ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ဧပြီ ၃ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန်မှာ မင်းတပ်မြို့နယ် တိုက်နယ် အမှတ် ၁၃၊အောက်ချိုင်ရွာကို ဂျက်ဖိုက်တာ ၃ စီးနဲ့ ကလပ်စတာဗုံးကြဲခဲ့တာ ဖြစ်ပါတယ်။

ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ် ၂ ဦး၊ အမျိုးသမီး၂ ဦး၊ အမျိုးသား ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ကလပ်စတာဗုံးတွေဟာ အောက်ချိုင်ရွာနေရာအနှံ့ပေါက်ကွဲခဲ့ပြီး လူနေအိမ် ၁၂ လုံးနဲ့ စာသင်ကျောင်းဆောင်တွေ မီးလောင်ပျက်စီးခဲ့ပြီး မပေါက်ကွဲသေးတဲ့မိုင်းတွေက မြေမြှုပ်မိုင်းအသွင် ကျန်ရှိခဲ့တဲ့အတွက် ရွာခံတွေတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။

မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တာဝန်ခံ ဆလိုင်းယောမာန်က “ကြဲတဲ့ဗုံးခွံကြီးကို ကြည့်ပြီးမှ ကလပ်စတာလို့ ဆုံးဖြတ်လို့ရတာပါ။ ရွာနေရာအနှံ့မှာကွဲခဲ့တာကိုး။ ကလပ်စတာသဘောက သူက ဖွင့်လိုက်ပြီဆိုတာနဲ့ စစ်ရေးပစ်မှတ်လား။ ဘာသာရေးအဆောက်အအုံလား မခွဲတော့ဘူးလေ၊ အကုန်ပေါက်ကွဲတာကိုး။ ဗုံးထဲမှာလည်း မီးလောင်ဗုံးတွေပါတယ်လို့ ခန့်မှန်းရတယ်။ အိမ်တွေ မီးလောင်တယ်။ ရွာနားမှာလည်း တောမီးလောင်ပြီးမှ ရွာကိုပါလောင်မလိုဖြစ်လို့ မီးငြိမ်းရတယ်။ ကလပ်စတာဆိုတော့ ရွာအနှံ့ နေရာ ၂၀၊ ၃၀မှာ ပေါက်ကွဲခဲ့တာ” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဧပြီ ၁၆ ရက်နေ့ကလည်း မင်းတပ်မြို့နယ် တိုက်နယ် အမှတ် ၁ က ပန်းပါရွာကို ကလပ်စတာဗုံးနဲ့တိုက်ခိုက်ခဲ့တဲ့အတွက် အရပ်သား ၃ ဦးသေဆုံးပြီး ၆ ဦး ထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013