DVB Logo
Home
နိုင်ငံတကာ
အစ္စရေးနိုင်ငံတဝန်း GPS စနစ်များ ဖြတ်တောက်ထား၊ စစ်သားများ ခွင့်ယူခွင့်ပိတ်ပင်
DVB
·
April 5, 2024
အစ္စရေးနိုင်ငံတဝန်း GPS စနစ်များ ဖြတ်တောက်ထား၊ စစ်သားများ ခွင့်ယူခွင့်ပိတ်ပင်
Donate to DVB

အီရန်က လက်တုံ့ပြန်လာနိုင်တာကြောင့် ဒုံးကျည်နဲ့ လူမဲ့လေယာဉ်တွေကို အနှောင့်အယှက် ဖြစ်စေဖို့ အစ္စရေးနိုင်ငံတဝန်းမှာ GPS စနစ်တွေ ဖြတ်တောက်ထားသလို အစ္စရေး စစ်တပ်ကလည်း တိုက်ခိုက်ရေးယူနစ်တွေက စစ်သားအားလုံး ခွင့်ယူခွင့် ပိတ်လိုက်ပါတယ်။

ဧပြီ ၄ ရက်က အစ္စရေးနိုင်ငံအလယ်ပိုင်း နေရာတော်တော်များများမှာ GPS စနစ် ပြတ်တောက်သွားပါတယ်။

ဂျေရုစလင်နဲ့ တဲလ်အဗစ်လို တိုက်ခိုက်ရေးဇုန်တွေနဲ့ဝေးတဲ့ မြို့ကြီးတွေမှာပါ တည်နေရာပြ အက်ပလီကေးရှင်း ဝန်ဆောင်မှုတွေ သုံးမရတော့သလို တည်နေရာအလွဲတွေ ပြတာမျိုးလည်း ရှိတယ်လို့ ဆိုပါတယ်။

ဒီကိစ္စဟာ အစ္စရေးစစ်တပ်ရဲ့ လက်ချက်ဖြစ်တယ်လို့ ပြောခွင့်ရပုဂ္ဂိုလ်က အတည်ပြုပါတယ်။

ဆီးရီးယားက အီရန်ကောင်စစ်ဝန်ရုံး တိုက်ခိုက်ခံရပြီး ဗိုလ်ချုပ်အဆင့်ရှိသူတွေ အပါအဝင် လူ ၁၃ ဦး သေဆုံးခဲ့ရမှုဟာ အစ္စရေးလက်ချက်ဖြစ်တယ်လို့ ယူဆရတဲ့အတွက် လက်တုံ့ပြန်မယ်လို့ အီရန်က ကြေညာထားပါတယ်။

ဒါ့အပြင် လေကြောင်းရန်ကာကွယ်ရေး အရှိန်မြှင့်ဖို့ အရန်တပ်ဖွဲ့တွေကိုပါ ဆင့်ခေါ်လိုက်ပါတယ်။

အီရန်ဘက်က လက်တုံံ့ပြန်မှုဟာ ချက်ချင်းဖြစ်လာနိုင်တယ်လို့ အစ္စရေးဘက်က မျှော်လင့်ထားပါတယ်။

မွတ်စလင်တို့ရဲ့ ရာမာဒန်ဥပုသ်လမှာ နောက်ဆုံးသောကြာနေ့ဖြစ်တဲ့ ဧပြီ ၅ ရက်၊ ကာ့ဒ်စ်နေ့ ခေါ် ဂျေရုစလင်နေ့မှာ တိုက်ခိုက်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

ပါလက်စတိုင်းလိုလားတဲ့ ဆန္ဒပြပွဲတွေ၊ အစ္စရေးဆန့်ကျင်ရေး ဆန္ဒပြပွဲတွေကို အထူးသဖြင့် အီရန်မှာဆိုရင် ဒီနေ့မှာ ကျင်းပလေ့ရှိတာကြောင့် အမြင့်ဆုံး တပ်လှန့်ထားတာ ဖြစ်ပါတယ်။

Source/Photo-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013