DVB Logo
Home
အားကစား
ဖလက်ချာ၏ အမြွှာသား ၂ ဦးကို မန်ယူအသင်း ပရော်ဖက်ရှင်နယ်စာချုပ် ချုပ်
DVB
·
April 5, 2024
ဖလက်ချာ၏ အမြွှာသား ၂ ဦးကို မန်ယူအသင်း ပရော်ဖက်ရှင်နယ်စာချုပ် ချုပ်
Donate to DVB

မန်ယူအသင်းဟာ ဂန္ထဝင်ကွင်းလယ်လူ ဒါရင်းဖလက်ချာရဲ့ အမြွှာသားနှစ်ဦးကို ပရော်ဖက်ရှင်နယ်စာချုပ် ချုပ်ဆိုခဲ့ပါတယ်။

အသက် ၁၇ နှစ်အရွယ်ရှိလာပြီ ဖြစ်တာကြောင့် ပထမဆုံး ပရော်ဖက်ရှင်နယ် စာချုပ် ချုပ်ဆိုခဲ့ကြတာပါ။

ဂျက်ဖလက်ချာနဲ့ တိုင်လာဖလက်ချာတို့နှစ်ဦးစလုံးဟာ မနှစ်က နွေရာသီကမှ မန်စီးတီးအကယ်ဒမီကနေ ပေါင် ၁ ဒသမ ၂၅ တန်ကြေးရှိ စာချုပ်နဲ့  ပြောင်းရွှေ့လာခဲ့ကြသူတွေ ပါ။

နှစ်ဦးစလုံးက ကွင်းလယ်ကစားသမားတွေဖြစ်ပြီး နည်းပြတန်ဟတ်ဂ်ရဲ့ ချီးကျူးမှုတွေလည်း ရရှိထားကြပါတယ်။

ဖခင်ဖြစ်သူ ဒါရင်းဖလက်ချာဟာ မန်ယူအသင်းရဲ့ နည်းစနစ်ဒါရိုက်တာအဖြစ်တာဝန်ယူနေပြီး အဲရစ်တန်ဟတ်ဂ်နဲ့ ရင်းနှီးစွာ လုပ်ကိုင်နေရသူပါ။

ဖလက်ချာရဲ့ အမြွှာသားနှစ်ဦးစလုံးဟာ စကော့တလန် လူငယ်အသင်းတွေမှာ ကစားခဲ့ဖူးပြီး ဂျက်ဖလက်ချာကတော့ အင်္ဂလန်အသင်းကို ကိုယ်စားပြုကစားဖို့ ဆုံးဖြတ်ချက်ချခဲ့ပါတယ်။

Photo-Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013