DVB Logo
Home
မြန်မာသတင်း
မိုးမောက်မြို့အနီးရှိ စစ်ကောင်စီတပ်စခန်း ၂ ခုကို KIA ပူးပေါင်းတပ် သိမ်းပိုက်
DVB
·
April 3, 2024
မိုးမောက်မြို့အနီးရှိ စစ်ကောင်စီတပ်စခန်း ၂ ခုကို KIA ပူးပေါင်းတပ် သိမ်းပိုက်
Donate to DVB

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့အနီးက ကျောက်စခန်းကျေးရွာထိပ် (ခဝမ်ဘမ်) စစ်ကောင်စီတပ်စခန်းနဲ့ အူဒန်ဘွမ်စခန်း နှစ်ခုကို ဧပြီ ၂ ရက် ညနေ ၆ နာရီလောက်မှာ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နဲ့ ပူးပေါင်းတပ်တွေက ထပ်မံတိုက်ခိုက် သိမ်းပိုက်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မိုးမောက်မြို့ခံတဦးက “ဗန်းမော်-လွယ်ဂျယ်လမ်း တောင်ခြေ၊ ခဝမ်ဘမ်ရွာထိပ်နားမှာရှိတာ အဲစခန်းတွေက၊ တိုက်ပွဲဖြစ်ပွားတာ နာရီဝက်လောက်ပဲကြာတယ်။ မိုးမောက်နဲ့ နီးနီးလေး ဟုတ်တယ်။ အစတုန်းက ရွာထဲမှာ စစ်ဆေးရေးဂိတ် လုပ်တာ။ နေရာရွှေ့ထားတာ တနှစ်နီးပါးတော့ရှိပြီ။ ကတုတ်ကျင်း ခိုင်ခိုင်မာမာ လုပ်ထားတဲ့ စခန်းအလတ်တခုနဲ့ ရဲတွေ၊ မူးယစ်တွေလည်း စစ်တပ်နဲ့အတူထိုင်တဲ့ ဂိတ်တခုရော” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ တိုက်ခိုက်ပြီး ထွက်ပြေးကာ မိုးမောက်မြို့နားက တခုတည်း ကျန်နေတဲ့ ခမရ ၄၃၇ တပ်ထဲမှာ ဝင်ရောက်ပူးပေါင်းသွားကြတယ်လို့လည်း ထပ်မံသိရပါတယ်။

ကျောက်စခန်း(ခဝမ်ဘမ်) စစ်ကောင်စီဂိတ်စခန်းနဲ့ အူဒန်ဘွမ် စခန်းတခု ထပ်မံ သိမ်းပိုက်ခံရပြီးနောက် ခမရ ၄၃၇ တပ်နဲ့ ဗန်းမော်မြို့ရှိ အမတ ၃၆၆ မှ လက်နက်ကြီးနဲ့ ၁၀ ကြိမ်ထက်မနည်း ပစ်ခတ်နေတာကြောင့် မိုးမောက်မြို့နဲ့ အနီးအနား ကျေးရွာတွေကို ကျရောက်ပေါက်ကွဲနေကာ ဒေသခံတချို့ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပေမဲ့ အရေအတွက် မသိရသေးပါဘူး။

ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နဲ့ ပူးပေါင်းတပ်တွေက မိုးမောက်-လွယ်ဂျယ်သွားလမ်းရှိ စိန်လုံတောင်နဲ့ ယော်ယုံတောင် စစ်ကောင်စီ တပ်စခန်းကြီးတွေ အပါအဝင် စခန်း ၁၂ ခုကို တိုက်ခိုက် သိမ်းပိုက်ထားတဲ့အပြင် မိုးမောက်မြို့အနီးရှိ တပ်စခန်းတွေကိုလည်း ဆက်လက်သိမ်းပိုက်နေတာကြောင့် မိုးမောက်မြို့ခံတွေနဲ့ အနီးအနား ကျေးရွာတွေဟာ ဗန်းမော်မြို့ကို စစ်ရှောင်လာကြပြီး အကူအညီတွေလည်း လိုအပ်နေတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013