DVB Logo
Home
မြန်မာသတင်း
စစ်မှုထမ်းအပတ်စဥ် ၁ ကို သင်တန်းကျောင်း ၁၃ ကျောင်း၌ ဖွင့်လှစ်၊ သင်တန်းသား ၁ ဦး သေဆုံး 
DVB
·
April 2, 2024
စစ်မှုထမ်းအပတ်စဥ် ၁ ကို သင်တန်းကျောင်း ၁၃ ကျောင်း၌ ဖွင့်လှစ်၊ သင်တန်းသား ၁ ဦး သေဆုံး 
Donate to DVB

ပထမအကြိမ် စစ်မှုထမ်းသင်တန်း အပတ်စဥ် ၁ ကို ရန်ကုန်၊ မန္တလေး၊ ဧရာဝတီ၊ နေပြည်တော်၊ ပဲခူး၊ မကွေး၊ စစ်ကိုင်း၊ မွန်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တောင်ပိုင်းမှာ ဧပြီ ၁ ရက်က စတင်ကာ ဖွင့်လှစ်ထားပြီး သေဆုံးသူတွေရှိနေလို့ လုံခြုံရေး တင်းကျပ်ထားတယ်လို့ စစ်မှုထမ်းဆင့်ခေါ်ရေးနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

ရန်ကုန်၊ မန္တလေး၊ နေပြည်တော်မှာ မတ် ၂၉ ရက်ကစတင်ကာ စစ်မှုထမ်းရမယ့်သူတွေကို စတင်ခေါ်ယူခဲ့ပါတယ်။

မတ် ၃၀ နဲ့ ၃၁ ရက်မှာ ပဲခူး၊ မကွေး၊ စစ်ကိုင်းတိုင်းတို့ကို ထပ်မံခေါ်ယူကာ ဧပြီ ၁ ရက်မှာ ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ မွန်ပြည်နယ်အတွက် စစ်မှုထမ်းမယ့်သူတွေကို ခေါ်ယူပြီး သင်တန်းကျောင်း ၁၃ ကျောင်းကို ပို့ခဲ့တယ်လို့ စစ်မှုထမ်းဆင့်ခေါ်ရေးနဲ့ နီးစပ်သူတဦးက ပြောပါတယ်။

“မတ်လ ၂၇ ရက် ညကစတည်းက လူတွေလိုက်စုတာ၊ မဲပေါက်တာတွေရော မပေါက်တာတွေရော အကုန်ခေါ်ဖို့ စာထုတ်ထားတာ၊ ၂၉ မှာ ကြိုဆိုပွဲလုပ်မယ်ပေါ့။ ရန်ကုန်မှာ ဆင့်ခေါ်ခံရသူတယောက် သေသွားလို့ ခေါ်ထားတဲ့သူတွေ စောင့်ကြည့်ဖို့ ညွှန်ကြားထားတာ၊ လုံခြုံရေးလည်း တင်းကျပ်တယ်။”

ရန်ကုန်မှာ မတ် ၃၀ ရက်က တိုက်ကြီးမြို့နယ် ဥက္ကံမြို့ မီးလောင်စခန်းကျေးရွာမှာ နေထိုင်တဲ့ အသက် ၂၉ နှစ်အရွယ် ကိုကိုလတ် (ခ) အမာနွတ်လာ မင်းကုန်းမြို့အခြေစိုက် အမှတ် ၁ စစ်အခြေခံလေ့ကျင့်ရေးတပ်မှာ သေဆုံးသွားတာဖြစ်တယ်လို့ မင်္ဂလာဒုံတပ်နယ်နဲ့ နီးစပ်သူတဦးက ပြောပါတယ်။

“တိုက်ကြီးကပါလာတဲ့သူတွေကို ဂျိုးဖြူ တကက ၁ ကိုမပို့ဘဲ လှည်းကူးမင်းကုန်း စတခ ၁ ကို ပို့လိုက်တယ်။ အရက်စွဲနေတဲ့သူ လေးယောက်ပါတယ်။ အဲ့နေ့က တိုက်ကြီးက ကောင်လေးတယောက် သေသွားတယ်။ သင်္ဃန်းကျွန်းကြီးနဲ့ မှော်ဘီ သုံးယောက်လည်း ဆေးရုံမှာပဲ၊ ကျန်းမာရေးမကောင်းတဲ့သူတွေပါ ခေါ်လာတာ။ တိုင်းစစ်ဌာနချုပ်က လာစစ်ပြီး သတင်းကို ဖုံးထားတာ။”

ရန်ကုန်မှာ အမှတ် ၁ စစ်အခြေခံလေကျင့်ရေးတပ် (မင်းကုန်း)၊ အမှတ် ၁ တန်းမြင့်သင်တန်းကျောင်း (ဂျိုးဖြူ) နဲ့  နေပြည်တော်မှာ  ဥတ္တရသီရိမြို့နယ်အခြေစိုက် အမှတ် ၂ တန်းမြင့်သင်တန်းကျောင်း (မိုးစွေ) တို့မှာ ဖွင့်လှစ်ထားပါတယ်။

မန္တလေးတိုင်းမှာ အမှတ် ၂ စစ်အခြေခံလေ့ကျင့်ရေးတပ် (စဥ့်ကူးမြို့) နဲ့ အမှတ် ၁၃ တန်းမြင့်သင်တန်းကျောင်း (သပိတ်ကျင်း)၊ အမှတ် ၁ အရာခံနှင့် အကြပ်ကြီးသင်တန်းကျောင်း (ဗထူး) နဲ့  စစ်ကိုင်းတိုင်းမှာ ရွှေဘိုမြို့အခြေစိုက် အမှတ် ၈ စစ်အခြေခံလေ့ကျင့်ရေးတပ်မှာ ဖွင့်လှစ်ထားတာ ဖြစ်ပါတယ်။

ဧရာဝတီတိုင်းမှာ ပုသိမ်မြို့နယ် အမှတ် ၆ စစ်အခြေခံလေ့ကျင့်ရေးတပ်နဲ့ အင်္ဂပူမြို့နယ် ကွင်းကောက်ရွာအခြေစိုက် အမှတ် ၅ တန်းမြင့်သင်တန်းကျောင်း၊ မကွေးတိုင်းမှာ တောင်တွင်းကြီးမြို့ အခြေစိုက် အမှတ် ၇ စစ်အခြေခံလေ့ကျင့်ရေးတပ်နဲ့ ပဲခူးတိုင်း အုတ်တွင်းမြို့ အခြေစိုက် အမှတ် ၆ တန်းမြင့်သင်တန်းကျောင်းမှာ ဖွင့်လှစ်ထားတာ ဖြစ်ပါတယ်။

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ဝဲကလိကျေးရွာ အခြေစိုက် အမှတ် ၄  တန်းမြင့်သင်တန်းကျောင်း၊ ရှမ်းပြည်နယ်တောင်ပိုင်း ဟိုပုံးမြို့အခြေစိုက် တပ်မတော် ကွန်ပျူတာနှင့် နည်းပညာသိပ္ပံ (တကန) ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013