DVB Logo
Home
နိုင်ငံတကာ
တိတ်တဆိတ်ခိုးကြည့်ထားသည့် အချက်အလက်များ ဖျက်ဆီးပေးရန် Google သဘောတူ
DVB
·
April 2, 2024
တိတ်တဆိတ်ခိုးကြည့်ထားသည့် အချက်အလက်များ ဖျက်ဆီးပေးရန် Google သဘောတူ
Donate to DVB

သုံးစွဲသူတွေက Private/Incognito Mode နဲ့ တိတ်တိတ်ခိုးကြည့်ထားတာတွေကို Google က လျှို့ဝှက်မှတ်တမ်းတင်ထားတယ်လို့ စွပ်စွဲထားတဲ့ တရားစွဲဆိုမှုတခုမှာ အချက်အလက်မှတ်တမ်း ဘီလီယံနဲ့ချီပြီး ဖျက်ဆီးပေးဖို့ Google ဘက်က သဘောတူလိုက်ပါတယ်။

Google ရဲ့ Chrome Browser မှာ “Incognito” ပြောင်းပြီးပဲဖြစ်ဖြစ် တခြား Browser တွေမှာ “Private Browsing” ပြောင်းပြီးပဲဖြစ်ဖြစ် သုံးစွဲရင် ကိုယ်သုံးစွဲတဲ့မှတ်တမ်းကို ဘယ်သူမှ မသိနိုင်ဘူးလို့ အများစုက ယူဆထားကြတာပါ။

ဒါပေမဲ့ Google က ဒီလို အချက်အလက်တွေကိုပါ မှတ်တမ်းရယူထားခဲ့တယ်လို့ စွပ်စွဲခံရတာ ဖြစ်ပါတယ်။

အဲဒီလိုလုပ်ခြင်းအားဖြင့် သုံးစွဲသူတွေရဲ့ မိတ်ဆွေတွေ၊ နှစ်သက်တဲ့ အစားအသောက်၊ ဈေးဝယ်တဲ့အကျင့် စတာတွေအပြင် အွန်လိုင်းမှာရှာဖွေတဲ့ “အတွင်းကျကျကိစ္စတွေ၊ အများသိရင် ရှက်စရာကိစ္စတွေ” ကိုပါ Google က အချက်အလက် ကောက်ယူနိုင်ခဲ့တယ်လို့ တရားလိုတွေက စွပ်စွဲထားပါတယ်။

၂၀၁၆ ဇွန် ၁ ရက်နောက်ပိုင်း သုံးစွဲမှုမှတ်တမ်း မယူဘူးဆိုတဲ့ private browsing ကို အသုံးပြုခဲ့တဲ့ သန်းနဲ့ချီတဲ့ Google သုံးစွဲသူတွေ ကိုယ်စားပြု တရားစွဲဆိုမှုကို ၂၀၂၀ က စတင်ခဲ့တာ ဖြစ်ပါတယ်။

အခုအခါမှာတော့ Google က ဒီလိုအချက်အလက်တွေ ဖျက်ပေးရင် အမှုကျေအေးပေးမယ့် သဘောတူညီချက်ကို ကယ်လီဖိုးနီးယားပြည်နယ် ဖက်ဒရယ်တရားရုံး၊ အုတ်ကလန်ကို တင်သွင်းခဲ့တာ ဖြစ်ပါတယ်။

ဒီအမှုအတွက် တရားလိုရှေ့နေတွေက နစ်နာကြေး ဒေါ်လာ ၇ ဒသမ ၈ ဘီလီယံအထိ တန်ဖိုးသတ်မှတ်ထားပါတယ်။

အခုကျေအေးမှုမှာ Google ဘက်က နစ်နာကြေးပေးမှာ မဟုတ်ပေမဲ့ သုံးစွဲသူတွေ တဦးချင်းအနေနဲ့ နစ်နာကြေးရဖို့ ထပ်တရားစွဲနိုင်မှာ ဖြစ်ပါတယ်။

အခု ကျေအေးမှုအရ Google က Private Browsing နဲ့ သုံးတဲ့သူတွေရဲ့ အချက်အလက်ကို ဘယ်လို ကောက်ယူတယ် ဆိုတဲ့အကြောင်း အသေးစိတ်ကိုပါ ရှင်းလင်းပြရမှာ ဖြစ်ပါတယ်။

Source/Photo-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013