DVB Logo
Home
အားကစား
ဂရင်းဝုဒ်၏အနာဂတ်ကို ကစားသမားနှင့် မန်ယူအသင်းကပဲ ဆုံးဖြတ်နိုင်
DVB
·
March 31, 2024
ဂရင်းဝုဒ်၏အနာဂတ်ကို ကစားသမားနှင့် မန်ယူအသင်းကပဲ ဆုံးဖြတ်နိုင်
Donate to DVB

အင်္ဂလန်တောင်ပံကစားသမား မေဆန်ဂရင်းဝုဒ်ရဲ့ အနာဂတ်ကို ကာကယံရှင်ကစားသမားဖြစ်သူနဲ့ မန်ယူအသင်းကသာ အဆုံးအဖြတ်ပေးနိုင်ကြောင်း ဂီတာဖေးနည်းပြ ဘော်ဒယ်လက်စ်က ပြောသွားပါတယ်။

ဂရင်းဝုဒ်ဟာ အတူနေချစ်သူအပေါ် လိင်ပိုင်းဆိုင်ရာနဲ့ ကိုယ်ထိလက်ရောက်ကျူးလွန်မူတွေ ကြောင့် စွဲချက်တင်ခံခဲ့ရပြီး အမှုကနေ ပြန်လွတ်လာခဲ့ပေမဲ့ မန်ယူအသင်းက အသင်းကနေ ထုတ်ပယ်ခဲ့တာပါ။

စပိန်ကလပ် ဂီတာဖေးအသင်းမှာ အငှားထွက်ကစားခဲ့ရတဲ့ ဂရင်းဝုဒ်ဟာ လက်ရှိအချိန်မှာ စွမ်းဆောင်ရည်ကောင်း ပြသနေတာကြောင့် မန်ယူအသင်းဘက်က ပြန်လည်ခေါ်ယူလိုတဲ့ အရိပ်အယောင် ပြသနေတာပါ။

ဂီတာဖေးနည်းပြ ဘော်ဒယ်လက်စ်ကတော့ ဂရင်းဝုဒ်ရဲ့ အနာဂတ်ဟာ ရာသီကုန်ဆုံးချိန်ရောက်မှပဲ သူ့ရဲ့ မိခင်ကလပ်အသင်းနဲ့ ကစားသမားဖြစ်သူကိုယ်တိုင်ကပဲ ဆုံးဖြတ်သွားမှာဖြစ်ကြောင်း ပြောခဲ့တာပါ။

ဂရင်းဝုဒ်ဟာ ဂီတာဖေးနဲ့ စုစုပေါင်း ၂၇ ပွဲ ကစားခဲ့ရာမှာ ၈ ဂိုးသွင်းယူထားပြီး ဖြစ်ပါတယ်။

Photo-Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013