DVB Logo
Home
မြန်မာသတင်း
ပခုက္ကူမြို့နယ်အခြေစိုက် PDF ၃ ဖွဲ့ပူးပေါင်း၊ လက်နက်တပ်ဆင်ပွဲပြုလုပ်
DVB
·
March 30, 2024
ပခုက္ကူမြို့နယ်အခြေစိုက် PDF ၃ ဖွဲ့ပူးပေါင်း၊ လက်နက်တပ်ဆင်ပွဲပြုလုပ်
Donate to DVB

ပခုက္ကူမြို့နယ်အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ၃ ဖွဲ့ ပူးပေါင်းတဲ့ အခမ်းအနားကို ပခုက္ကူမြို့နယ် လွတ်‌မြောက်နယ်မြေတနေရာမှာ မတ် ၂၉ ရက် မနေ့က ကျင်းပခဲ့ပါတယ်။

ဒီအခမ်းအနားကို ပူးပေါင်းတပ်ဖွဲ့တွေဖြစ်တဲ့ Earthquake People's Defence Force၊ Young Force UG၊ Pakokku People's Defense Force နဲ့ Hunter PKU အဖွဲ့တို့က ခေါင်းဆောင်တွေ၊ နာယကတွေနဲ့ ရဲဘော်အယောက် ၇၀ တက်ရောက်ခဲ့ပြီး ရဲဘော်တွေကို လက်နက်တွေနဲ့ စစ် အသုံးအဆောင်ပစ္စည်းတွေ တပ်ဆင်ပေးအပ်ခဲ့ပါတယ်။ 

အခမ်းအနားကို တက်ရောက်လာတဲ့ ခေါင်းဆောင်တွေနဲ့ နာယကတွေက နွေဦးတော်လှန်ရေးရဲ့ အဓိကအသက်သွေးကြောဖြစ်တဲ့ ပြည်သူလူထုတရပ်လုံးကို အစဉ်အမြဲဦးထိပ်ပန်ဆင် လေးစား ဖို့၊ အရင်ကထက် ပိုမိုကောင်းမွန်ကျစ်လစ်ခိုင်မာတဲ့ စုဖွဲ့မှုအင်အားစုဖြစ်စေဖို့နဲ့ ပြည်သူလူထုရဲ့ ထောက်ပံ့ကူညီမှုတဲ့ရရှိတဲ့ လက်နက်တွေနဲ့ စစ်အသုံးအဆောင်ပစ္စည်းတွေကို မိမိအသက်နဲ့ ရင်းပြီး လေးစားတန်ဖိုးထားဖို့ စတဲ့ ရဲဘော် တဦးချင်းစီ လုပ်ဆောင်ရမယ့် လုပ်ငန်းတာဝန်တွေကို ပြောဆိုမှာကြားခဲ့ပါတယ်။ 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013