DVB Logo
Home
မြန်မာသတင်း
မယ်စဲ့မြို့တွင် အများပြည်သူသုံးစွဲနိုင်ရန်  Starlink အင်တာနက်ဖွင့်လှစ်ပေး
DVB
·
March 29, 2024
မယ်စဲ့မြို့တွင် အများပြည်သူသုံးစွဲနိုင်ရန်  Starlink အင်တာနက်ဖွင့်လှစ်ပေး
Donate to DVB

ထိုင်း-မြန်မာနယ်စပ်၊ ကရင်နီ (ကယား)ပြည်နယ်၊ မယ်စဲ့မြို့မှာ ပြည်သူလူထု အင်တာနက် အသုံးပြုနိုင်ဖို့အတွက် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) က ဂြိုဟ်တုကရရှိတဲ့ Starlink အင်တာနက်ကို ဖွင့်လှစ်ပေးထားပါတယ်။

မယ်စဲ့မြို့သိမ်းတိုက်ပွဲ မစတင်ခင် ရက်အနည်းငယ်ခန့်ကတည်းက မယ်စဲ့မြို့မှာ ဖုန်းလိုင်းတွေ၊ အင်တာနက်လိုင်းတွေ မရရှိတော့တာဖြစ်ပြီး တခြားမြို့တွေအထိ သွားရောက်အသုံးပြုနေရတာကြောင့် ဖွင့်လှစ်ပေးခဲ့တာလို့ KNPP တပ်ဖွဲ့မှ ဗိုလ်လုလူက DVB ကို ပြောပါတယ်။

“အဓိကကတော့ ပြည်သူလူထုလည်း မိသားစုနဲ့ အဆက်သွယ် ပြန်ရဖို့ လိုအပ်တယ်။ နောက်ပြီး မီးလည်းမရတော့ အပျင်းဖြေစရာ ဘာမှမရှိဘူး ဖြစ်နေတာလေ။ အဲဒါကြောင့် ကျနော်တို့တိုင်ပင်ပြီး Starlink ဖွင့်ပေးလိုက်တာ။ ဘယ်အချိန်တွေ သုံးလို့ရတယ် ဆိုတာမျိုးပါ သတ်မှတ်ပေးထားတယ်။ အနည်းအကျဉ်းဖြစ်ဖြစ် သူတို့(ပြည်သူ)တွေ အဆင်ပြေရင်ပဲ ကျနော်တို့က ကျေနပ်ပါပြီ။”

အင်တာနက်ကို မနက်ပိုင်းနဲ့ နေ့လယ်ပိုင်း၊ ညနေပိုင်းတွေမှာ နာရီကန့်သတ်ချက်နဲ့ ဖွင့်လှစ်ပေးထားပြီး အင်တာနက်အသုံးပြုချိန် တနာရီကို ငွေကျပ် ၁,၀၀၀ ပေးဆောင်ရကာ ပေးဆောင်ရတဲ့ငွေက အင်တာနက်ဖွင့်တဲ့အခါ အသုံးပြုရတဲ့ စက်သုံးဆီဖိုးနဲ့ လစဉ်ကြေး ပေးဆောင်ရာမှာ ပြန်လည်အသုံးပြုနေတာ ဖြစ်တယ်လို့ သူကပြောပါတယ်။

ဒေသခံတဦးက “အင်တာနက်က အခု မြို့ထဲ သုံးနေရာလောက်တော့ ရနေပြီ။ ဒီမှာတော့ သက်သာတယ်။ ၁,၀၀၀ ပဲပေးရတယ် တနာရီကို၊ မိသားစုတွေနဲ့ အဆက်သွယ်ရတော့ ပျော်တာပေါ့။ ကျနော်တို့ ဒီစက်တွေဝယ်ဖို့ဆိုတာ မဖြစ်နိုင်ဘူးလေ၊ ဖွင့်ပေးလို့ပဲ ကျေးဇူးတင်ပါတယ်” လို့ ပြောပါတယ်။

ကရင်နီပြည်နယ်မှာ ၂၀၂၁ ခုနှစ် မေ ၂၁ ရက်ကတည်းက ဒေသတွင်း တော်လှန်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တို့ စတင်တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပြီး နန်းမယ်ခုံ၊ ရှားတော၊ မော်ချီးမြို့နဲ့ မယ်စဲ့မြို့တို့ကို တော်လှန်ရေးတပ်ဖွဲ့တွေက အပြီးတိုင် သိမ်းပိုက်ထိန်းချုပ်ထားနိုင်ပြီး မယ်စဲ့မြို့မှာတော့ ပြည်သူ့အုပ်ချုပ်ရေး လည်ပတ်နေပြီ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013