DVB Logo
Home
မြန်မာသတင်း
အမ်းမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်း ၁ ခုကို  AA သိမ်းပိုက်
DVB
·
March 28, 2024
အမ်းမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်း ၁ ခုကို  AA သိမ်းပိုက်
Donate to DVB

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်ရှိ စစ်ကောင်စီထောက်ပို့ တပ်စခန်းတခုကို မတ် ၂၇ ရက် ညနေပိုင်းမှာ ရက္ခိုင့်တပ်တော်(AA)က သိမ်းပိုက်လိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အမ်းမြို့နယ် ဂါလ်လောင်းကျေးရွာနဲ့ လုံးကောက်ကျေးရွာအနီးမှာရှိတဲ့ စစ်ကောင်စီရဲ့ ထောက်ပို့ တပ်စခန်းကို မတ် ၂၅ ရက်ကစပြီး AA တပ်ဖွဲ့တွေက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ၂ ရက်ကျော်အကြာမှာ သိမ်းပိုက်လိုက်တာလို့ အမ်းမြို့ခံတဦးက ပြောပါတယ်။

"အမ်းမြို့အခြေစိုက် ခမရ ၃၇၂ တပ်ရင်းအနီးက စစ်ကောင်စီရဲ့ ထောက်ပို့စခန်းတခုကို မတ်လ ၂၇ ရက်နေ့ မနေ့က ညနေပိုင်းမှာ အပြီးသတ် သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်တယ်။ စစ်ကောင်စီဘက်က လေကြောင်းပစ်ကူတွေရော လက်နက်ကြီးပစ်ကူတွေပါ ပေးခဲ့ပေမဲ့ AA ရဲ့ ထိုးစစ်ကို တောင့်ခံနိုင်စွမ်းမရှိဘဲ လက်လွှတ်လိုက်ရတာ ဖြစ်တယ်။”

အခုသိမ်းပိုက်ရရှိခဲ့တဲ့ ထောက်ပို့တပ်စခန်းဟာ ခမရ ၃၇၂ တပ်ရင်းနဲ့ တမိုင်နီးပါးလောက်သာ ကွာဝေးတဲ့ တပ်စခန်းတခုဖြစ်ပြီး အမ်းမြို့နယ်အတွင်း တိုက်ပွဲတွေ ပြင်းထန်နိုင်သေးတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီရဲ့ ထောက်ပို့တပ်စခန်း သိမ်းပိုက်ရရှိမှုနဲ့ ပတ်သက်ပြီးတော့ AA ဘက်က တစုံတရာ ထုတ်ပြန်တာ မရှိသေးပါဘူး။

အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် (နပခ) အခြေစိုက်ထားတဲ့ အမ်းမြို့နယ်အတွင်းမှာ မတ် ၂၄ ရက်ကတည်းက စစ်ကောင်စီတပ်နဲ့ AA တို့အကြားတိုက်ပွဲတွေ ပြင်းထန်နေကြတာဖြစ်ပြီး စစ်ကောင်စီတပ်ဘက်က အကျအဆုံးနဲ့ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်မှာ စစ်ရေးပြင်းထန်နေတာ ၄ လကျော် ကြာမြင့်လာပြီး ရက္ခိုင့်တပ်တော်(AA) ကလည်း မြို့ ၁၀ မြို့အထိ သိမ်းပိုက်ရရှိထားပြီး နောက်ထပ် မြို့နယ် ၅   မြို့နယ်ထက်မနည်းမှာ စစ်ရေးပြင်းထန်နေဆဲ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013