DVB Logo
Home
မြန်မာသတင်း
CDF-KKG အခြေခံစစ်ပညာသင်တန်းဆင်းပွဲ ပြုလုပ် (ဓာတ်ပုံ) 
DVB
·
March 28, 2024
CDF-KKG အခြေခံစစ်ပညာသင်တန်းဆင်းပွဲ ပြုလုပ် (ဓာတ်ပုံ) 
1 / 5
Donate to DVB

ချင်းပြည်ကာကွယ်ရေးတပ်-ကလေး၊ ကဘော်၊ ဂန့်ဂေါ (CDF-KKG) တပ်ရင်း-၁ ရဲ့ အခြေခံစစ်ပညာသင်တန်းအပတ်စဉ်-၂ သင်တန်းဆင်းပွဲကို  မတ် ၂၈ ရက်က ပြုလုပ်ခဲ့တယ်လို့ CDF-KKG တာဝန်ရှိသူက ပြောပါတယ်။

ကလေးမြို့နယ်ထဲက CDF-KKG ထိန်းချုပ်နယ်မြေမှာ ပြုလုပ်ခဲ့တာဖြစ်ပြီး အခြေခံစစ်ပညာသင်တန်းမှာ စစ်ရေး၊ နိုင်ငံရေးပညာရပ်တွေကို သင်တန်းကာလ ၅၅ ရက်ကြာ သင်ကြားပေးခဲ့တယ်လို့ သိရပါတယ်။

သင်တန်းသား ၂၀ ယောက်၊ သင်တန်းသူ ၄ ယောက် စုစုပေါင်း ၂၄ ဦး တတ်ရောက်သင်ကြားခဲ့တယ်လို့လည်း သိရပါတယ်။

CDF-KKG ပြန်ကြားရေးတာဝန်ခံက “သင်တန်းမှာက အမိန့်နာခံမှုရှိအောင် control & command အကြောင်းတွေ၊ စစ်ရေးပြ၊ နိုင်ငံရေးအမြင်ကိုကျတော့ ကာကွယ်ရေးဘက်ကနေ လက်ချာပုံစံနဲ့ သင်ပေးတာပေါ့နော်၊ CDF-KKG က တပ်ရင်း ၇ ရင်းရှိတော့ သင်တန်းတွေကို တပ်ရင်းအလိုက်ဖွင့်လှစ်ကြပါတယ်။ ဗဟိုသင်တန်းအနေနဲ့ ဖွင့်လှစ်တာမျိုးလည်းရှိပါတယ်”လို့ ပြောပါတယ်။

CDF-KKG ရဲ့ အခြေခံစစ်ပညာသင်တန်းဆင်းပွဲမှာ စစ်ရေးပြအလှဆုံးဆု၊ လက်ဖြောင့်ဆုနဲ့ ဇွဲဆု စတဲ့ တဦးချင်း ထူးချွန်ဆုတွေကိုလည်း ပေးအပ်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013