DVB Logo
Home
နိုင်ငံတကာ
သြစတြေးလျ အဲလစ်စပရင်းစ်မြို့၌ ရန်ပွဲဖြစ်ပြီးနောက် လူငယ်များ ညမထွက်ရအမိန့် ထုတ်
DVB
·
March 28, 2024
သြစတြေးလျ အဲလစ်စပရင်းစ်မြို့၌ ရန်ပွဲဖြစ်ပြီးနောက် လူငယ်များ ညမထွက်ရအမိန့် ထုတ်
Donate to DVB

ဩစတြေးလျနိုင်ငံမြောက်ပိုင်းက ခရီးသွားမြို့ အဲလစ်စပရင်းစ်မှာ လက်နက်ကိုင်ထားသူတွေပါဝင်တဲ့ လူပေါင်း ၁၅၀ ပါတဲ့ အစုလိုက်အပြုံလိုက် ရန်ပွဲတွေအပြီး တရက်အကြာမှာ ညမထွက်ရအမိန့်ကို အာဏာပိုင်တွေက မတ် ၂၇ ရက်မှာ  ထုတ်ပြန်ပါတယ်။

မြို့လယ်မှာ အသက် ၁၈ နှစ်အောက် ဩစတြေးလျ နိုင်ငံသားတွေ ဒေသစံတော်ချိန် ညနေ ၆ နာရီကနေ မနက် ၆ နာရီအထိ  သီတင်းနှစ်ပတ်ကြာ ညမထွက်ရအမိန့်ကို ထုတ်ပြန်ခဲ့တာပါ။

ဒီမြို့မှာ ဩစတြေးလျ ဌာနေတိုင်းရင်းသားတွေ နေထိုင်ကြပြီး နက်ရှိုင်းတဲ့ လူမှုရေးခွဲခြားမှုတွေကို ခံစားနေရပါတယ်။

မတ် ၂၀ ရက်က အသက် ၁၈ နှစ်အရွယ် အမျိုးသားတဦး သေဆုံးခဲ့တဲ့ မြို့လယ်အရက်ဆိုင်တခုက ရန်ပွဲနဲ့ပတ်သက်ပြီး မတ် ၂၆ ရက်မှာ ဌာနေတိုင်းရင်းသား မိသားစုတွေကြား ရန်ပွဲဖြစ်ခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောခဲ့ပါတယ်။

ဆစ်ဒနီမြို့ အနောက်မြောက်ဘက် ၁,၂၄၃ မိုင် အကွာမှာရှိတဲ့ သြစတြေးလျနိုင်ငံရဲ့ ကျယ်ပြောလှတဲ့ အောက်ထ်ဘက်ခ်ဒေသက ဝေးလံခေါင်သီတဲ့ အဲလစစပရင်းစ်မြို့ဟာ အနီရောင် ဧရာမသဲကျောက်တုံးကြီး အူလူရူ အပါအဝင် ခရီးသွားလုပ်ငန်းဆိုင်ရာ ဆွဲဆောင်မှုတွေအတွက် အဓိကတံခါးပေါက် ဖြစ်ပါတယ်။

Source/Photo-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013