DVB Logo
Home
နိုင်ငံတကာ
ထိုင်းအောက်လွှတ်တော်က လိင်တူလက်ထပ်ခွင့် ဥပဒေကြမ်း အတည်ပြု
DVB
·
March 28, 2024
ထိုင်းအောက်လွှတ်တော်က လိင်တူလက်ထပ်ခွင့် ဥပဒေကြမ်း အတည်ပြု
Donate to DVB

ထိုင်းနိုင်ငံ အောက်လွှတ်တော်မှာ မတ် ၂၇ ရက်က ကျင်းပတဲ့ အစည်းအဝေးအတွင်း လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာ တန်းတူညီမျှရေး ဥပဒေကြမ်းကို အတည်ပြုခဲ့ပါတယ်။

ဒါဟာ အာရှတိုက်မှာ လိင်တူချင်း လက်ထပ်တာတွေကို တရားဝင်ခွင့်ပြုမယ့် တတိယမြောက်နိုင်ငံ ဖြစ်လာစေရေး လှုံ့ဆော်ပေးတဲ့ အထင်ကရ ခြေလှမ်းတခု ဖြစ်ပါတယ်။

ဥပဒေမူကြမ်းကို အတည်ပြုလိုက်တဲ့အတွက် လွှတ်တော်ကိုယ်စားလှယ်တွေက ချီးကျူးဩဘာ ပေးခဲ့ကြပြီး ဥပဒေကြမ်း ကော်မတီကလည်း လိင်စိတ်ခံယူချက် ကွဲပြားသူတွေရဲ့ အမှတ်သင်္ကေတ LGBT အလံတွေကို ဝှေ့ယမ်းခဲ့ကြပါတယ်။

တခြား လွှတ်တော်ကိုယ်စားလှယ်တွေကလည်း အစည်းအဝေးကာလအတွင်း LGBT အလံကို ပြသခဲ့ပါတယ်။

ဒီဥပဒေကြမ်းကို ထိုင်းနိုင်ငံဟာ အဓိကပါတီကြီးတွေအားလုံးရဲ့ ထောက်ခံမှု ရရှိထားပြီး လက်ရှိ လွှတ်တော်အမတ် ၄၁၅ ဦးထဲက အယောက် ၄၀၀ ရဲ့ ထောက်ခံမဲနဲ့ ကန့်ကွက်မဲ ၁၀ မဲတို့နဲ့ အတည်ပြုခဲ့တာပါ။

ဥပဒေကြမ်းကို ထောက်ခံတဲ့ လွှတ်တော်ကိုယ်စားလှယ် ၄၀၀ ထဲက တဦးက ခလုတ်မှားနှိပ်လိုက်မိလို့ အစပိုင်းမှာ ထောက်ခံမဲ ၃၉၉ မဲအဖြစ် ဖန်သားပြင်မှာ ပြသခဲ့ပါတယ်။

အခုဥပဒေကြမ်းဟာ အထက်လွှတ်တော်ရဲ့ အတည်ပြုချက်နဲ့ ဥပဒေဖြစ်မလာမီ ဘုရင်ဆီက ထောက်ခံချက် လိုအပ်ပါတယ်။

ဒီဥပဒေမူကြမ်းကို အတည်ပြုလိုက်တာဟာ ယောက်ျားချင်း၊ မိန်းမချင်း စုံမက်သူတွေ၊ ကျား မ လိင်နှစ်မျိုးလုံးကို လက်ခံသူတွေနဲ့ လိင်ပြောင်းထားတဲ့သူတွေကြားမှာ ပွင့်လင်းမြင်သာမှုရှိရှိ၊ လွတ်လပ်တဲ့ သဘောထားတွေနဲ့အတူ ရိုးရာဓလေ့ထုံးတမ်း ဗုဒ္ဓဘာသာတန်ဖိုးတွေနဲ့အတူ အာရှရဲ့ အလွတ်လပ်ဆုံး လူ့အဖွဲ့အစည်းတွေထဲက တခုအဖြစ် ထိုင်းနိုင်ငံရဲ့ ရပ်တည်ချက်ကို ခိုင်မာစေရေးအတွက် သိသာထင်ရှားတဲ့ ခြေလှမ်းတရပ် ဖြစ်ပါတယ်။

Source/Photo-Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013