DVB Logo
Home
အားကစား
ယူရို ၂၀၂၄ အတွက် လူစာရင်းရွေးချယ်ရာ၌ ရှုပ်ထွေးနိုင်ဟု  နည်းပြဆောက်ဂိတ်ဝန်ခံ
DVB
·
March 28, 2024
ယူရို ၂၀၂၄ အတွက် လူစာရင်းရွေးချယ်ရာ၌ ရှုပ်ထွေးနိုင်ဟု  နည်းပြဆောက်ဂိတ်ဝန်ခံ
Donate to DVB

ယူရို ၂၀၂၄ ပြိုင်ပွဲအတွက် အင်္ဂလန်အသင်းရဲ့ အပြီးသတ် ကစားသမားစာရင်းရွေးချယ်ရာမှာ ရှုပ်ထွေးမှုတွေရှိလာနိုင်ကြောင်း နည်းပြဆောက်ဂိတ်က ဝန်ခံသွားပါတယ်။

အသင်းရဲ့အမာခံ ကစားသမားတွေရဲ့ ဒဏ်ရာပြဿနာတွေရှိလာနိုင်တဲ့အပေါ် ကြိုတင်တွက်ချက်ပြီး နည်းပြဆောက်ဂိတ်က ဝန်ခံစကားဆိုခဲ့တာပါ။

ပြိုင်ပွဲအတွက် လူစာရင်းရွေးချယ်ရာမှာ ဒဏ်ရာရရှိတဲ့ ကစားသမားတွေရှိလာနိုင်ပြီး တစ်ပတ်၊ နှစ်ပတ် အနားယူရမယ့်သူ၊ မကြာခင်ပြန်ကစားနိုင်မယ့်သူ အစရှိသဖြင့် အခြေအနေတွေ ကြုံတွေ့ လာရနိုင်ကြောင်း နည်းပြဆောက်ဂိတ်က ပြောပါတယ်။

အဲဒီလိုအခြေအနေတွေကြောင့် ရှုပ်ထွေးမှုတွေ ရှိလာနိုင်ပြီး ဒဏ်ရာရရှိမှု အခြေအနေအပေါ်မူ တည်ပြီး ပဏာမကစားသမားစာရင်း ထုတ်ပြန်သွားရမှာ ဖြစ်ကြောင်း နည်းပြဆောက်ဂိတ်က ပြောသွားပါတယ်။ 

အင်္ဂလန်အသင်းဟာ အခုတပတ် ခြေစမ်းပွဲစဉ်တွေမှာ ဟယ်ရီကိန်း၊ ဆာကာ၊ မက်ဂွဲယား၊ ဝေါ်ကာ၊ ဂျွန်စတုန်း၊ ဟန်ဒါဆန် အစရှိတဲ့ ကစားသမားဒဏ်ရာရရှိမှုကြောင့် အခက်အခဲဖြစ်ခဲ့ရပါတယ်။ 

Photo-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013