DVB Logo
Home
မြန်မာသတင်း
နိုင်ငံမဲ့ကလေး ၁၉ ဦးကို  မြန်မာပြည်ပြန်မပို့ရန် ထိုင်းတက်ကြွလှုပ်ရှားသူများ တောင်းဆို
DVB
·
March 27, 2024
နိုင်ငံမဲ့ကလေး ၁၉ ဦးကို  မြန်မာပြည်ပြန်မပို့ရန် ထိုင်းတက်ကြွလှုပ်ရှားသူများ တောင်းဆို
Donate to DVB

ထိုင်းအစိုးရက ဖမ်းဆီးထိန်းသိမ်းထားတဲ့ နိုင်ငံမဲ့ ကလေးသူငယ် ၁၉ ဦးကို မြန်မာ နိုင်ငံဘက်နေရပ်ပြန်မပို့ဖို့ ထိုင်းအရပ်ဘက်တက်ကြွလှုပ်ရှားတဲ့အဖွဲ့တွေက တောင်းဆိုပါတယ်။

ဘန်ခရူနမ် ဖောင်ဒေးရှင်းတည်ထောင်သူ နိုင်ငံသားအခွင့်အရေး တက်ကြွလှုပ်ရှားသူ နတ်ချန်နတ် ဘွန်းခွန်က အဆိုပါနိုင်ငံမဲ့ကလေးသူငယ် ၁၉ ဦးရဲ့ လုံခြုံရေးအတွက် စိုးရိမ်မိကြောင်းနဲ့ ထိုင်းအစိုးရက လက်ရှိပြည်တွင်းစစ်တွေ ဖြစ်နေတဲ့ သူတို့နေရပ်တွေဆီ ပြန်ပို့မှာကို စိုးရိမ်ကြောင်း ရိုက်တာသတင်းဌာနနဲ့ တွေ့ဆုံချိန်မှာ ပြောလိုက်တာပါ။

အသက် ၅ နှစ်ကနေ ၁၇ နှစ်ကြားအရွယ် အဆိုပါ ကလေးတွေကိုတော့ ထိုင်းနိုင်ငံ အလယ်ပိုင်း၊ လော့ပ်ဘူရီက ဖောင်ဒေးရှင်းကနေ အစိုးရက ပြီးခဲ့တဲ့ မတ် ၁၂ ရက်မှာ ခေါ် ဆောင်သွားခဲ့ပြီး အဲဒီအချိန်ကတည်းက ကလေးတွေဟာ မိသားစုတွေနဲ့ ခွဲခွာနေခဲ့ရတာလို့ ဆိုပါတယ်။

ထိုင်းလူမှုဖွံ့ဖြိုးရေးနဲ့ လူသားလုံခြုံရေးဝန်ကြီး ဗရာဝပ် ဆီလ်ပါအာချာကတော့ နေရပ်ပြန်ပို့မှု စွပ်စွဲချက်ကို ငြင်းဆိုခဲ့ပြီး လူမှုဖွံ့ဖြိုးရေး အရာရှိတွေက ငွေကြေးကိစ္စအတွက် ခေါင်းပုံဖြတ်ခံရမှာကို စိုးရိမ်ကြောင်း ထုတ်ဖော်ပြောဆိုပြီးနောက် ကလေးတွေကို ဖောင် ဒေးရှင်းကနေ ခေါ်ယူခဲ့တာလို့ တုံ့ပြန်ထားပါတယ်။ 

မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ မြင့်တက်လာတဲ့အပေါ် ကုလသမဂ္ဂက မကြာသေးခင်က သတိပေးခဲ့ပြီး စစ်အာဏာသိမ်းပြီးချိန် ၂၀၂၁ ခုနှစ်က စတင်ကာ စစ်အုပ်ချုပ်ရေးအောက်မှာ ရှိနေခဲ့ကာ ၂၀၂၃ ခုနှစ်မှာတော့ ကုလသမဂ္ဂက မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေဟာ စိုးရိမ်ဖွယ်ရာအဆင့်ကို ရောက်ရှိသွားပြီလို့ ပြောထားပါတယ်။

အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (အေအိုင်) ရဲ့ အဆိုအရ မြန်မာနိုင်ငံမှာ လူပေါင်း ၁ ဒသမ ၄ သန်းကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပြီး ၅၂,၀၀၀ ကတော့ စစ်ပွဲတွေ စတင်ချိန်ကတည်းက တခြားနိုင်ငံတွေဆီ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရတယ်လို့ ဆိုပါတယ်။

ထိုင်းနိုင်ငံက နိုင်ငံမဲ့တွေအခွင့်အရေးအတွက် အချိန်ကြာမြင့်စွာ တိုက်ပွဲဝင်လှုပ်ရှားခဲ့တဲ့ ထိုင်းလူမှုရေး တက်ကြွလှုပ်ရှားသူ တွန်းဂျိုင် ဒိ(ထ်)စ်က ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ရဲ့ မဲဆွယ်စည်းရုံးမှုကို ထိုင်းတော်ဝင်အစိုးရက ထောက်ခံပေမဲ့ ထိုင်းအစိုးရက နယ်စပ်ဒေသတွေက နိုင်ငံမဲ့အသိုက်အဝန်းတွေ နိုင်ငံမဲ့ဖြစ်မှုကို ၂၀၂၄ ခုနှစ်မှာ အဆုံးသတ်ဖို့၊ လက်ရှိဥပဒေအရ နိုင်ငံသားဖြစ်ခွင့်ရရှိရေးအတွက် ပိုမိုလွယ်ကူတဲ့ နည်းလမ်းတွေ ပံ့ပိုးပေးဖို့နဲ့ ဒီအခြေအနေတွေကို ပြန်လည်ဖြေရှင်းပေးဖို့ ငြင်းဆိုတာတွေအတွက် အစိုးရကို ဆက်တိုက်ဝေဖန်နေတာပါ။

လူနည်းစုနဲ့ ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ကျွမ်းကျင်သူတယောက်ဖြစ်တဲ့ ဆူရာ ဖွန် ခွန်ဂျွန်တူးရက်ခ်ကလည်း ထိုင်းနိုင်ငံမှာ ကလေးတွေကို ပညာသင်ကြားခွင့်ပြုတာက ကလေးသူငယ်များ ကာကွယ်ရေး အက်ဥပဒေအရ တရားမဝင်တာ မဟုတ်ကြောင်းနဲ့ ဥပဒေအရ အပြစ်မဲ့ကလေးသူငယ်တွေကို နိုင်ငံတော်က ကာကွယ်ရမယ်လို့ ပြောထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013