DVB Logo
Home
မြန်မာသတင်း
မိုးမောက်မြို့နယ်ရှိ စစ်ကောင်စီ တပ်စခန်း ၅ ခု ထက်မနည်း KIA ပူးပေါင်းအဖွဲ့ ထပ်မံသိမ်းပိုက်
DVB
·
March 27, 2024
မိုးမောက်မြို့နယ်ရှိ စစ်ကောင်စီ တပ်စခန်း ၅ ခု ထက်မနည်း KIA ပူးပေါင်းအဖွဲ့ ထပ်မံသိမ်းပိုက်
Donate to DVB

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်ရှိ စစ်ကောင်စီရဲ့ ရှေ့တန်းကာကင်း တပ်စခန်းတွေ အပါအဝင် စစ်ကောင်စီ တပ်စခန်း ငါးခုထက်မနည်းကို မတ် ၂၆ ရက်က ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်ဖွဲ့တွေ ထပ်မံ သိမ်းပိုက်လိုက်တယ်လို့ KIA ရှေ့တန်းနဲ့ နီးစပ်သူတယောက်က ပြောပါတယ်။ 

"မိုးမောက်မြိုနယ်ရှိ လုံဂျာတောင်၊ လက်ဝါးကားတိုင်တောင် စစ်ကောင်စီ ကာကင်း စခန်းတွေကို KIA နဲ့ ပူးပေါင်းတပ်ဖွဲ့က မတ် ၂၆ ရက် ညနေလေးနာရီခွဲလောက် သိမ်းပိုက်နိုင်ခဲ့ပါတယ်။"  

လုံဂျာတောင်ရှိ စစ်ကောင်စီစခန်းဟာ အရင်က KIA ရဲ့ ခံစစ်စခန်းတခုဖြစ်ခဲ့ပေမဲ့ စစ်ကောင်စီ ဘက်က ရသွားပြီးတော့ စခန်းချထားတဲ့ နေရာဖြစ်တယ်လို့ ဆိုပါတယ်။ 

"အပြီးသတ် သိမ်းလိုက်ပြီ။ ကုန်းလော ၃၈၇၊ မြို့သစ်၊ စလောင်းကုန်း သုံးနေရာ မတ်လ ၂၆ ရက်နေ့ သိမ်းလိုက်တာ" လို့ နောက်ထပ် KIA ရှေ့တမ်းနဲ့ နီးစပ်သူတဦးက ပြောပါတယ်။ 

တိုက်ပွဲအတွင်း လက်နက်ကြီးတွေ ကျရောက်ပေါက်ကွဲတာကြောင့် ဒေသခံ နှစ်ယောက် သေဆုံးခဲ့ရပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကူညီဆောင်ရွက်နေသူတယောက်က ပြောပါတယ်။

“ဟုတ်ပါတယ်၊ မြို့သစ်မင်းဂျမ်းဘက်မှာလည်း လက်နက်ကြီးတွေကျတယ်၊ ၁၄ နှစ်အရွယ် မိန်းကလေးတယောက်လည်းထိတယ်၊ ဆေးရုံအချိန်မီမရောက်လို့ အမျိုးသားတယောက်လည်း သေဆုံးခဲ့ရတယ်။ လူနာတင်ကားတွေလည်း တိုက်ပွဲဖြစ်နေတာ မလာရဲတော့ အဆင့်ဆင့်ကယ်နေကြရတယ်၊ အများအပြားလည်း ထိခိုက်ဒဏ်ရာရထားတယ်။ ဒီနေ့ (မတ် ၂၆) နေ့လယ်ပိုင်းကလည်း နောင်လိုက်ရွာမှာ လက်နက်ကြီးကျလို့ အသက် ၃၀ ကျော်အရွယ် အမျိုးသမီးတယောက်သေပြန်တယ်၊ ရွာသားတွေတချို့လည်း ထိခိုက်ဒဏ်ရာရထားတယ်” လို့ ပြောပါတယ်။

ကုန်းလော အခြေစိုက် ခမရ - ၃၈၇ ကို မတ် ၂၆ ရက် မနက် ၈ နာရီ ဝန်းကျင်ခန့်က၊ မြို့သစ်ရှိ ခမရ - ၃၂၀ တပ်ရင်းဌာနချုပ်နဲ့ စလောင်းကုန်း ပင်မတပ်စခန်း အပါအဝင် ကာကင်းစခန်း ခုနှစ်ခုကို  မတ် ၂၆ ရက်နေ့ မွန်းလွဲ ၂ နာရီခွဲခန့်မှာ KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တို့က သိမ်းပိုက်ခဲ့တယ်လို့ ဆိုပါတယ်။ 

မတ် ၂၄ ရက်နေ့ည သန်းခေါင်ယံ ၁၂ နာရီခွဲခန့်မှာလည်း ဗန်းမော်ခရိုင်၊ မံစီမြို့နယ်၊ မိုင်းခေါင်ရွာ အခြေစိုက် ခလရ - ၁၂၁ တပ်ရင်းတခုလုံး စခန်းစွန့်ခွာ ထွက်ပြေးသွားသလို မံစီမြို့နယ်ရှိ ဘန်ထန်ရွာ အခြေစိုက် ခမရ - ၄၂၆ တပ်စခန်းနဲ့ လွယ်ခမ်း ဗျူဟာစခန်းတို့မှ စစ်ကောင်စီတွေကလည်း မတ် ၂၃ နဲ့ ၂၄ ရက်နေ့တွေမှာ စခန်းစွန့်ခွာ ထွက်ပြေးသွားကြတယ်လို့ KIA ရှေ့တန်းနဲ့ နီးစပ်သူတွေက ပြောပါတယ်။

ထွက်ပြေးသွားတဲ့ စစ်ကောင်စီတွေဟာ ဗန်မော်ဘက်ရှိ စစ်ကောင်စီ တပ်စခန်းတွေနဲ့  ‌ပူးပေါင်းသွားကြပြီး ဗန်းမော်မြို့ထဲက အထက ၁ နဲ့ ၂ ကျောင်းတွေမှာ နေရာယူထားကြတယ်လို့ ဆိုပါတယ်။ 

ပြီးခဲ့တဲ့ မတ် ၂၃ ရက်နေ့ကလည်း မိုးမောက်မြို့နယ်၊ နောင်ကွမ် (နောင်ကောန်) ရွာအခြေစိုက် အမြောက်တပ် ၃၇၀ တပ်ရင်းက စစ်ကောင်စီတွေ စခန်းစွန့် ထွက်ပြေးသွားခဲ့လို့ KIA နဲ့ ပူးပေါင်းတပ်ဖွဲ့က သိမ်းပိုက်ခဲ့သလို မတ် ၂၁ ရက် ညနေပိုင်းမှာလည်း မိုးမောက်မြို့နယ်၊ နွမ်းလန်းရွာ အခြေစိုက်စစ်ကောင်စီ ခမရ - ၄၃၈ တပ်စခန်းကြီးနဲ့ အမှတ် ၆၁၆ အမြောက်တပ်စခန်းကြီးကို KIA နဲ့ ပူးပေါင်းတပ်ဖွဲ့က သိမ်းပိုက်ခဲ့ပါသေးတယ်။ 

တိုက်ပွဲတွေကြောင့် ဗန်းမော်မြို့ထဲက စစ်ရှောင်စခန်းတွေမှာလည်း ဌာနဆိုင်ရာဝန်ထမ်းတွေအပါအဝင် မြို့သစ်၊ စီဟက်၊ ကုန်းလော၊ တိုက်ကျောင်း၊ နောင်ကွမ်ဘက်က စစ်ဘေးရှောင်တွေ ပိုများလာတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013