DVB Logo
Home
အားကစား
ကမ္ဘာ့အကောင်းဆုံးဂိုးသမားဖြစ်လာနိုင်သူကို မန်ယူနောက်ခံလူ ဒါးလော့ ထုတ်ဖော်ပြောဆို
DVB
·
March 27, 2024
ကမ္ဘာ့အကောင်းဆုံးဂိုးသမားဖြစ်လာနိုင်သူကို မန်ယူနောက်ခံလူ ဒါးလော့ ထုတ်ဖော်ပြောဆို
1 / 2
Donate to DVB

မကြာခင်အချိန်အတွင်းမှာ ကမ္ဘာ့အကောင်းဆုံးဂိုးသမားဖြစ်လာနိုင်သူကို ပေါ်တူဂီနဲ့ မန်ယူနောက်ခံလူ ဒီယေဂိုဒါးလော့က ထုတ်ဖော်ပြောပြသွား ပါတယ်။

ဒါးလော့အနေနဲ့ မိခင်ကလပ်အသင်းက ဂိုးသမား အိုနားနားကို ကျော်လွန်ပြီး နိုင်ငံအသင်းဖော်ဖြစ်သူ ဒီယေဂိုကော်စတာကို အကောင်းဆုံးဂိုးသမား ဖြစ်လာနိုင်သူလို့ ချီးကျူးသွားခဲ့တာပါ။

နိုင်ငံအသင်းဖော်ဂိုးသမား ကော်စတာအနေနဲ့ ဥရောပထိပ် တန်းအသင်းတသင်းဆီ ပြောင်းရွှေ့ကစားဖို့ အဆင်သင့်ဖြစ်နေတာထက်တောင် ကျော်လွန်နေပြီ ဖြစ်ပြီး သူခေါင်းညိတ်လိုက်တာနဲ့ အပြောင်းအရွှေ့ဖြစ်လာမှာဖြစ်တယ်လို့ ဒါးလော့က ပြောပါတယ်။

ကော်စတာရဲ့လက်စွမ်းဟာ အကောင်းဆုံးအခြေအနေမှာရှိတာကြောင့် မကြာခင်အချိန်တို အတွင်းမှာ ကမ္ဘာ့အကောင်းဆုံးဂိုးသမားဖြစ်လာလိမ့်မယ်လို့ ဒါးလော့က ချီးကျူးသွားပါတယ်။

ပေါ်တူဂီနဲ့ ပေါ်တို နံပါတ် တစ်ဂိုးသမားဖြစ်သူ ဒီယေဂိုကော်စတာဟာ အသက် ၂၄ နှစ်သာရှိသေးပြီး ၂၀၂၁ ခုနှစ် ကတည်းက လက်ရွေးစင်အသင်းမှာ စတင်ကစားခွင့်ရခဲ့သူ ဖြစ်ပါတယ်။

Photo-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013