DVB Logo
Home
မြန်မာသတင်း
ဟားခါးတွင် စစ်တပ်လက်နက်ကြီးကြောင့် အရပ်သား ၁ ဦး သေဆုံး၊ ၄ ဦး ဒဏ်ရာရ
DVB
·
March 26, 2024
ဟားခါးတွင် စစ်တပ်လက်နက်ကြီးကြောင့် အရပ်သား ၁ ဦး သေဆုံး၊ ၄ ဦး ဒဏ်ရာရ
Donate to DVB

ချင်းပြည်နယ်၊ ဟားခါးမြို့မှာ စစ်ကောင်စီတပ်ကပစ်ခတ်တဲ့ လက်နက်ကြီးကျည် ထိမှန်မှုကြောင့် အရပ်သား တဦး သေဆုံးပြီး လေးဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဟားခါးမြို့ခံတွေက ပြောပါတယ်။

မတ် ၂၅ ရက် ည ၁၀ နာရီမှာ ဟားခါးမြို့ ပြည်နယ်ရဲစခန်းကနေ လက်နက်ကြီးနဲ့ ပစ်ခတ်တဲ့အတွက် မြို့သစ်ရပ်ကွက်က လူနေအိမ်တလုံးပေါ် ကျရောက်ပေါက်ကွဲခဲ့တာ ဖြစ်ပါတယ်။

လက်နက်ကြီး ကျည်စထိမှန်လို့ အသက် ၅၀ ဝန်းကျင်အရွယ် ဦးရိုဘဲ နေရာမှာ သေဆုံးခဲ့ပြီး သူ့ရဲ့ မိသားစုဝင် လေးဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ဟားခါးမြို့ခံတဦးက “တိုက်ပွဲလည်းဖြစ်တာမရှိပါဘူး၊ ပြည်နယ်ရဲစခန်းမှာနေတဲ့ စစ်သားတွေက လက်နက်ကြီးနဲ့ ရမ်းပစ်တာ၊ မြို့သစ်ရပ်ကွက်က အိမ်ပေါ်ကို ကျသွားတာ။ အိမ်ရှင်သေသွားပြီးတော့ သူ့မိသားစုဝင် လေးယောက်လည်း ဒဏ်ရာရတယ်။ ဒဏ်ရာအသေးစိတ်တော့ မသိရသေးပါဘူး။ အိမ်တော့ ရစရာမရှိအောင် ပျက်စီးသွားတယ်” လို့ ပြောပါတယ်။

လက်နက်ကြီးထိမှန်တဲ့ နေအိမ်မှာ နေထိုင်သူတွေဟာ ချင်းပြည်နယ် ထန်တလန်မြို့ခံတွေ ဖြစ်ပြီး ထန်တလန်မှာ တိုက်ပွဲတွေ စတင်ဖြစ်ပွားကတည်းက ဟားခါးမြို့ကို ပြောင်းရွှေ့လာသူတွေ ဖြစ်တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013