DVB Logo
Home
မြန်မာသတင်း
စစ်မှုထမ်းရန် လူစာရင်းကောက်နေသူများကို အရေးယူမည်ဟု တွန်းဇံပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ သတိပေး
DVB
·
March 26, 2024
စစ်မှုထမ်းရန် လူစာရင်းကောက်နေသူများကို အရေးယူမည်ဟု တွန်းဇံပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ သတိပေး
Donate to DVB

ချင်းပြည်နယ်၊ တွန်းဇံမြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ စစ်မှုထမ်းဥပဒေအကောင်အထည်ဖို့ လူစာရင်းကောက်ခံရာမှာ ပါဝင်ပတ်သက်သူတွေကို အရေးယူသွားမယ်လို့ တွန်းဇံမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

တွန်းဇံမြို့မှာ မတ် ၂၀ လောက်ကစတင်ပြီး စစ်မှုထမ်းဆောင်ဖို့အတွက် လူစာရင်းကောက်ယူပြီး ဓာတ်ပုံရိုက်မှတ်တမ်းတင်တာတွေ လုပ်ဆောင်နေပါတယ်။ ခေါဝုန်လေးဆန်ရပ်ကွက်နဲ့ ခေါလိုင်ရပ်ကွက်ထဲက လူငယ်တွေကို စာရင်းကောက်နေပြီး ကျေးရွာတွေဘက်မှာတော့ လူစာရင်းကောက်ယူမှု မရှိသေးဘူးလို့ သိရပါတယ်။

တွန်းဇံပအဖ တာဝန်ရှိသူက“အများပြည်သူ ဆန္ဒသဘောထားမပါဘဲ ဖော်ဆောင်တဲ့ ဥပဒေ ဖြစ်တယ်။ ပြည်သူတွေရဲ့ အေးချမ်းစွာ နေထိုင်စားသောက်ရေးလည်း အနှောင့်အယှက် ဖြစ်စေ ရုံမက ဖက်ဒရယ်ဒီမိုကရေစီ တော်လှန်ရေးအတွက် ဆူးညောင့်ခလုတ် တခု ဖြစ်တယ်။ အကောင်အထည် ဖော်ဆောင်ပေးတဲ့ ဝန်ထမ်း‌တွေကအစ မည်သူမဆို အရေးယူမည်လို့ သတိပေးထုတ်ပြန်ပေးထား ဖြစ်ပါတယ်”လို့ ပြောပါတယ်။

ချင်းပြည်နယ် တီးတိန်မြို့မှာတော့ စစ်မှုထမ်းဆောင်ဖို့ စာရင်းကောက်ယူနေတဲ့ စစ်ကောင်စီတပ် လက်အောက်ခံ ဝန်ထမ်း ၅ ဦးကို မတ်လ ၂၅ ရက်မှာ PDF-Zoland က ဖမ်းဆီးထိန်းသိမ်း ခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013