DVB Logo
Home
မြန်မာသတင်း
ရွှေဘိုတွင် အုပ်ချုပ်ရေးမှူးနှင့် ထွေအုပ်ဝန်ထမ်း ပစ်သတ်ခံရပြီး စစ်မှုထမ်းစာရင်း ကောက်ယူမှု ခေတ္တရပ်နား
DVB
·
March 25, 2024
ရွှေဘိုတွင် အုပ်ချုပ်ရေးမှူးနှင့် ထွေအုပ်ဝန်ထမ်း ပစ်သတ်ခံရပြီး စစ်မှုထမ်းစာရင်း ကောက်ယူမှု ခေတ္တရပ်နား
Donate to DVB

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်မှာ စစ်မှုထမ်းကောက်နေတဲ့ အုပ်ချုပ်ရေးမှူးနဲ့ ဆင့်ခေါ်ရေးအဖွဲ့က ထွေအုပ်ဝန်ထမ်းတဦး သေနတ်နဲ့ပစ်သတ်ခံရပြီးနောက် စစ်မှုထမ်းစာရင်း ကောက်ယူတဲ့လုပ်ငန်းကို ခေတ္တရပ်နားထားရတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

ရွှေဘိုမြို့မှာ မတ် ၂၂ ရက်က ၄ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးနန်းနွယ်ဦး ပစ်ခတ်ခံပြီး မတ် ၂၄ ရက်မှာ ထွေအုပ်စာရေးဝန်ထမ်း ဒေါ်မြမြငြိမ်း ထပ်မံပစ်ခံရတာကြောင့် စစ်မှုထမ်းစာရင်း ကောက်တာကို ခေတ္တနားထားတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

“၂၂ ရက်နေ့မှာ ၄ ရပ်ကွက်ကအုပ်ကြီး ပစ်ခံရတယ်။ သူတယောက်တည်းပဲ ပစ်သွားတာ၊ အခြားသူတွေ ပစ်မသွားဘူး။ ထွေအုပ်ဆင့်ခေါ်ရေးက စာရေးဝန်ထမ်းလည်း မနေ့က အပစ်ခံရတယ်။ မြို့ပေါ်မှာတော့ စာရင်းကောက်တာ ခဏနားထားတယ်။”

လူငယ်တွေကို စစ်မှုထမ်းစာရင်း ကောက်ယူတာနဲ့ ဆင့်ခေါ်ရေးမှာ မပါဝင်ဖို့နဲ့ စစ်ကောင်စီတပ်နဲ့ မပူးပေါင်းဖို့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေ သတိပေးနေတဲ့ကြားက ကောက်ယူခဲ့တာကြောင့် အခုလို ပစ်ခတ်ခံရတာလို့ မြို့ခံတဦးက ပြောပါတယ်။

“တပ်ကတော့ ရွာဘက်တွေမှာ စာရင်းတွေရအောင် ကောက်ခိုင်းတယ်။ အုပ်ချုပ်ရေးက ခဏနားထားတယ်။ ထွေအုပ်စာရေးကို PDF တွေ အိမ်မှာဝင်ဖမ်းတာတောင် ရဲတွေ၊ စစ်တပ်တွေက ဘာမှလုပ်မပေးနိုင်ဘူး။ သေသွားတာပဲ အဖတ်တင်တယ်။ အခြေအနေ စောင့်ကြည့်နေရလို့ ခဏနားခိုင်းထားတာ။”

လတ်တလော စစ်မှုထမ်းစာရင်းကောက်တာကို မြို့ပေါ်ရပ်ကွက်တွေမှာ ခဏနားထားပေမဲ့ ကျေးရွာတွေမှာတော့ ကောက်ယူနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စစ်မှုထမ်းဆင့်ခေါ်ရေးနဲ့ စာရင်းကောက်ယူရေး ဖွဲ့စည်းပြီး မတ် ၁ ရက်မှ ၂၄ ရက်အတွင်း ကျိုက်ထို၊ ရွှေဘို၊ ရေတာရှည်၊ စဥ့်ကူး၊ စလင်း၊ အုတ်ဖို၊ ဝမ်းတွင်း၊ ငါန်းဇွန်၊ တောင်ငူ၊ အမရပူရ၊ သဲကုန်းမြို့၊ သပိတ်ကျင်းမြို့နယ်မှာ အုပ်ချုပ်ရေးမှူးနဲ့ ရာအိမ်မှူး ၁၆ ဦး ပစ်သတ်ခံခဲ့ရတယ်လို့ DVB သတင်းဌာနက ကောက်ယူထားတဲ့ စာရင်းတွေအရ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013