DVB Logo
Home
မြန်မာသတင်း
ချမ်းအေးသာစံ KBZ ဘဏ်ခွဲ ဓားပြတိုက်ခံရပြီး ကျပ် သိန်း ၂၀၀၀ ကျော်ပါသွား
DVB
·
March 25, 2024
ချမ်းအေးသာစံ KBZ ဘဏ်ခွဲ ဓားပြတိုက်ခံရပြီး ကျပ် သိန်း ၂၀၀၀ ကျော်ပါသွား
Donate to DVB

မန္တလေး၊ ချမ်းအေးသာစံမြို့နယ်၊ မောရဂီဝါရပ်ကွက်၊ ၇၄ လမ်း၊ ၃၁- ၃၂ လမ်းကြာရှိ KBZ ဘဏ်ခွဲ ၄၆ ကို မတ် ၂၅ ရက်  ဒီနေ့မနက်  ၁၁ နာရီကျော်က အမျိုးသား သုံးဦးက ဓားပြတိုက်ခဲ့တာကြောင့် ကျပ် သိန်း ၂၀၀၀ ကျော်ပါသွားတယ်လို့  မြို့ခံတွေဆီက သိရပါတယ်။

ဒီနေ့မနက် ၁၁ နာရီကျော်က KBZ ဘဏ်ခွဲ ၄၆ ကို ဆိုင်ကယ်နှစ်စီးနဲ့ အမည်မသိအမျိုးသား သုံးဦး ရောက်လာပြီး သေနတ်နဲ့ ဓားပြကာ ဘဏ်ဝန်ထမ်းတွေကို ခြိမ်းခြောက်ပြီး ငွေတွေယူသွားတာလို့ ဝန်ထမ်းနဲ့ နီးစပ်သူက ပြောပါတယ်။

“သုံးယောက် ဝင်လာတာ ငွေထုတ်မယ့်ပုံစံနဲ့ အထဲရောက်တော့ ဝန်ထမ်းတွေကို သေနတ်နဲ့ ချိန်ထားတယ်။ တယောက်က ပုဆိန်နဲ့ တယောက်က ဓားပါတယ်။ ကောင်တာခုံပေါ်က ငွေတွေယူသွားတာ သိန်း ၂၀၀၀ ကျော်တယ်။”

KBZ ဘဏ်ခွဲကို ဓားပြတိုက် ငွေတွေယူထွက်ပြေးသွားပြီး နာရီဝက်လောက်ကြာမှ စစ်တပ်၊ ရဲနဲ့ ထောက်လှမ်းရေးတွေ ရောက်လာကာ ဘဏ်ဝန်ထမ်းတွေကို စစ်ဆေးနေတယ်လို့ မြို့ခံတဦးက ပြောပါတယ်။

“ဓားပြတိုက်တဲ့သူ လွတ်ရာကျွတ်ရာရောက်မှ ရဲတွေ၊ စစ်သားတွေ ရောက်လာပြီး CCTV ကို စစ်တာ။ ဝန်ထမ်းတွေရော အဲလိုစစ်ဆေးပြီးမှ လုသွားတဲ့သူတွေနောက် လိုက်တာ။ တယောက်မှ မမိဘူး။” 

ချမ်းအေးသာစံမြို့နယ် KBZ ဘဏ်ခွဲ ၄၆ ဓားပြတိုက်မှုမှာ ငွေသား ၂၀၈၀ ပါသွားပြီး ပြစ်မှုကျူးလွန်သူတွေကို ဖမ်းမမိဘူးလို့ တိုင်းရဲတပ်ဖွဲ့နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

၂၀၂၂ ခုနှစ် ဇွန်နဲ့ ဇူလိုင်လအတွင်းကလည်း  ချမ်းအေးသာစံနဲ့ ပြည်ကြီးတံခွန်က KBZ ဘဏ်ခွဲနှစ်ခု  ဓားပြတိုက်ခံခဲ့ရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013