DVB Logo
Home
နိုင်ငံတကာ
ဆီနီဂေါ သမ္မတရွေးကောက်ပွဲတွင် အတိုက်အခံကိုယ်စားလှယ် မဲအများဆုံးရ
DVB
·
March 25, 2024
ဆီနီဂေါ သမ္မတရွေးကောက်ပွဲတွင် အတိုက်အခံကိုယ်စားလှယ် မဲအများဆုံးရ
Donate to DVB

ဆီနီဂေါသမ္မတရွေးကောက်ပွဲ ကနဦးထွက်ပေါ်လာတဲ့ အတည်မပြုနိုင်သေးတဲ့ ရလဒ်တွေအရ အတိုက်အခံ ကိုယ်စားလှယ် ဘာဆီရူ ဒီယိုမာယီဖေးရ်က မဲအများဆုံး ရထားတယ်လို့ သိရပြီး သူ့ကိုထောက်ခံသူတွေ လမ်းမတွေပေါ်မှာ အောင်ပွဲခံနေကြပြီ ဖြစ်ပါတယ်။

ဒါပေမဲ့ ဘယ်သူမှ မဲထက်ဝက် မကျော်နိုင်တဲ့အတွက် မဲအများဆုံးရသူနှစ်ဦး ဒုတိယအကျော့ ပြိုင်ဖို့လိုတယ်လို့ အာဏာရ ညွန့်ပေါင်းအဖွဲ့က သူ့အဓိကပြိုင်ဘက်ဖြစ်သူက ပြောထားပါတယ်။

ရွေးကောက်ပွဲဝင်ပြိုင်တဲ့ ၁၉ ဦးမှာ ငါးဦးလောက်က ဖေးရ်ကို ဂုဏ်ပြုကြောင်း ကြေညာချက် ထုတ်ပြီးသွားပါပြီ။

ဒါပေမဲ့ အာဏာရညွန့်ပေါင်းက ကိုယ်စားလှယ် ဝန်ကြီးချုပ်ဟောင်း အမာဒူ ဘား ကတော့ အောင်ပွဲခံဖို့ စောနေသေးကြောင်း၊ သူတို့ဘက်ကကောက်တဲ့ စစ်တမ်းအရဆိုရင် အလွန်ဆုံး ဒုတိယအကျော့ပြိုင်ရမယ့် အခြေအနေသာဖြစ်ကြောင်း တုံ့ပြန်ထားပါတယ်။

ရာထူးသက်တမ်း နှစ်ကြိမ်ပြည့်လို့ ဆင်းပေးရတော့မယ့် သမ္မတ မက်ကီဆောလ်က ရွေးကောက်ပွဲရွှေ့ဆိုင်းဖို့ လုပ်ခဲ့တဲ့အတွက် ဆန္ဒပြပွဲတွေနဲ့ မငြိမ်မသက်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေကောင်စီက ရွေးကောက်ပွဲရွှေ့ဆိုင်းတာ တရားမဝင်ကြောင်း ကြေညာခဲ့အပြီးမှာတော့ သတ်မှတ်ချိန်ထက် နောက်ကျနေတဲ့ ရွေးကောက်ပွဲကို တက်သုတ်ရိုက် ကျင်းပခဲ့ရတာ ဖြစ်ပါတယ်။

လူကြိုက်အများဆုံး အတိုက်အခံခေါင်းဆောင် အူစမာနီဆွန်ကိုကို လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွှတ်ပေးခဲ့ပေမဲ့ ဝင်ပြိုင်ခွင့် ပိတ်ထားခဲ့ပါတယ်။ ဒါကြောင့် ဖေးရ်ကို ဆွန်ကို ကိုယ်စား ဝင်ပြိုင်ခိုင်းခဲ့တာ ဖြစ်ပါတယ်။

Source/Photo-REUTERS/Abdou Karim Ndoye

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013