DVB Logo
Home
မြန်မာသတင်း
CDF-KKG ထံ ကလေးက ရဲတပ်သား ၂ ဦး လက်နက်ခဲယမ်းများဖြင့် အလင်းဝင်
DVB
·
March 24, 2024
CDF-KKG ထံ ကလေးက ရဲတပ်သား ၂ ဦး လက်နက်ခဲယမ်းများဖြင့် အလင်းဝင်
Donate to DVB

ချင်းပြည်ကာကွယ်ရေးတပ်-ကလေး၊ ကဘော်၊ ဂန့်ဂေါ (CDF-KKG) ဆီကို ကလေးမြို့က ရဲတပ်သား ၂ ဦးလက်နက်နဲ့တကွ အလင်းဝင်ရောက်လာတယ်လို့ သိရပါတယ်။

ဒီနေ့ မတ် ၂၄ ရက်နေ့မှာ စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ ရဲတပ်ရင်း ၁၆ က ရဲတပ်သား ၂ ဦး လက်နက်နဲ့တကွ CDF -KKG ဆီ အလင်းဝင်ရောက်လာတာဖြစ်ပါတယ်။

ရဲတပ်သား ၂ ယောက်ဟာ အသက် ၂၅ နှစ်အရွယ်တွေဖြစ်ကြပြီး သူတို့နဲ့အတူ G 3 သေနတ် ၂ လက်၊ ကျည်ဘောက် ၈ ခု၊ ကျည်ဆံ အတောင့် ၄၇၀ ကျော် ပါလာခဲ့တယ်လို့ သိရပါတယ်။

CDF-KKG ပြန်ကြားရေးတာဝန်ခံက “သူတို့က  ကျနော်တို့ရဲဘော်တွေနဲ့ ဆက်သွယ်ပြီး ရောက်လာတာပါ။ ကလေး ရဲတပ်ရင်း ၁၆ က လို့ပြောပါတယ်။ သူတို့သွားချင်တဲ့နေရာကို သွားရောက်ပို့ဆောင်ပေးဖို့ စီစဉ်ထားပါတယ်။ ဒီနှစ်အတွင်းမှာ  ကျနော်တို့ဆီ ရောက်လာတဲ့ ရဲတပ်သား ၄ ယောက်ရှိပါပြီ” လို့ ပြောပါတယ်။

CDF-KKG အနေနဲ့ ရဲတပ်သား ၂ ဦးပေါင်းကို ဆုကြေးငွေ ကျပ်သိန်း ၅၀ ချီးမြှင့်ထားပြီး လွတ်မြောက်နယ်မြေဆီကို ပို့ဆောင်ပေးဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013