DVB Logo
Home
နိုင်ငံတကာ
အာချေးကမ်းခြေတွင် ရိုဟင်ဂျာ လှေစီးဒုက္ခသည်အမျိုးသမီး ၂ ဦး၏ အလောင်းတွေ့ရှိ
DVB
·
March 24, 2024
အာချေးကမ်းခြေတွင် ရိုဟင်ဂျာ လှေစီးဒုက္ခသည်အမျိုးသမီး ၂ ဦး၏ အလောင်းတွေ့ရှိ
Donate to DVB

အင်ဒိုနီးရှား အာဏာပိုင်တွေဟာ အနောက်အာချေးကမ်းခြေကနေ ရိုဟင်ဂျာ လှေစီးဒုက္ခသည် အလောင်းနှစ်လောင်းကို မတ်လ ၂၃ ရက် မှာ ရှာတွေ့ခဲ့ပါတယ်။

အခုသီတင်းပတ်အစောပိုင်းက အာချေးကမ်းလွန်ပင်လယ်ပြင်မှာ ရိုဟင်ဂျာ ရွှေ့ပြောင်းနေထိုင်သူတွေကို တင်ဆောင်တဲ့ စက်လှေတစီး နစ်မြုပ်ပြီးတဲ့နောက် ရေနစ်သေဆုံးသူ အများအပြား မျောပါနေတာကို ဒေသခံငါးဖမ်းသမားတွေက သတင်းပို့ခဲ့ကြတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ အလောင်းပြန်တွေ့တဲ့ နှစ်ဦးစလုံးဟာ အမျိုးသမီးတွေ ဖြစ်ကြတယ်လို့ ဆိုပါတယ်။

စက်လှေမှောက်ပြီး ပျောက်ဆုံးပြီလို့ ယူဆထားတဲ့ ရိုဟင်ဂျာ အယောက် ၇၀ ကျော်ဟာ သေဆုံးသွားပြီလို့ အတည်ပြုနိုင်ခဲ့ရင် ဒါဟာ အခုနှစ်အတွင်း အခုအချိန်အထိ အရေအတွက် အများဆုံး အသက်ဆုံးရှုံးမှုဖြစ်မယ်လို့ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာအေဂျင်စီ (UNHCR) က မတ်လ ၂၂ ရက်မှာ ပြောပါတယ်။

ရိုဟင်ဂျာတွေဟာ မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်ကနေ ဘင်္ဂလားဒေ့ရှ်နယ်စပ်ကို ထွက်ခွာပြီး အင်ဒိုနီးရှား၊ မလေးရှား၊ ထိုင်း စတဲ့ နိုင်ငံတွေကို အန္တရာယ်များတဲ့ရေလမ်း အပါအဝင် နည်းလမ်းပေါင်းစုံနဲ့ ထွက်ခွာနေကြတာ ဖြစ်ပါတယ်။

Source/Photo-ReutersAntara Foto/Syifa Yulinnas

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013