DVB Logo
Home
အားကစား
အင်္ဂလန်အသင်း ဘရာဇီးကို ရှုံးနိမ့်ပြီး ၂၁ ပွဲဆက် အိမ်ကွင်းရှုံးပွဲမရှိ မှတ်တမ်းရပ်တန့်
DVB
·
March 24, 2024
အင်္ဂလန်အသင်း ဘရာဇီးကို ရှုံးနိမ့်ပြီး ၂၁ ပွဲဆက် အိမ်ကွင်းရှုံးပွဲမရှိ မှတ်တမ်းရပ်တန့်
Donate to DVB

မတ် ၂၃ ရက် မနေ့ညက ကစားခဲ့တဲ့ခြေစမ်းပွဲစဉ်မှာ အင်္ဂလန်အသင်းက ဘရာဇီးကို ရှုံးနိမ့်ပြီး ၂၁ ပွဲဆက်တိုက် အိမ်ကွင်းမှာ ရှုံးပွဲမရှိမှတ်တမ်း ရပ်တန့်သွားခဲ့ရပါတယ်။

အင်္ဂလန်အသင်းမှာ အဓိက ကစားသမားဖြစ်တဲ့ ဟယ်ရီကိန်းနဲ့ ဆာကာတို့ မပါဝင်နိုင်ခဲ့တာကြောင့် အားနည်းချက်တွေဖြစ်ခဲ့ပြီး ဘရာဇီးကို ရှုံးနိမ့်ခဲ့ရတာပါ။

ဘရာဇီးအသင်းအတွက် အနိုင်ဂိုးကို ပွဲချိန် ၈၁ မိနစ်မှာ အသက် ၁၇ နှစ်သာရှိသေးတဲ့ အန်ဒရစ် က သွင်းယူနိုင်ခဲ့တာပါ။ သူဟာ လာမယ့်ရာသီမှာ ရီးရဲလ်မက်ဒရစ်ဆီ ပြောင်းရွှေ့ကစားမယ့်သူလည်း ဖြစ်ပါတယ်။

တပွဲစလုံးမှာ ဘရာဇီးက အပိုင်းအခွင့်အရေး ၇ ကြိမ်အထိရရှိခဲ့ပြီး ဂိုးသမားပစ်ဖို့ဒ် ကာကွယ်နိုင်ခဲ့လို့သာ တဂိုးထက် ပိုမပေးခဲ့ရတာ ဖြစ်ပါတယ်။

ဒီရှုံးပွဲဟာ ယူရို ၂၀၂၄ ပြိုင်ပွဲမတိုင်ခင် နည်းပြဆောက်ဂိတ်အတွက် ဖိအားများသွားစေတဲ့ ရှုံးပွဲဖြစ်သွားခဲ့ပါတယ်။ 

Photo-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013