DVB Logo
Home
မြန်မာသတင်း
ကလေးက စစ်ရှောင်များ အကူအညီလို၊ မင်းတပ်ကို လေကြောင်းတိုက်ခိုက်သဖြင့် လူငယ် ၁ ဦးသေဆုံး
DVB
·
March 23, 2024
ကလေးက စစ်ရှောင်များ အကူအညီလို၊ မင်းတပ်ကို လေကြောင်းတိုက်ခိုက်သဖြင့် လူငယ် ၁ ဦးသေဆုံး
1 / 4
Donate to DVB

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်၊ တိုက်နယ်အမှတ် ၁ ထဲကို စစ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက်ခဲ့တဲ့အတွက် လူငယ် ၁ ယောက် သေဆုံး၊ ၁ ယောက် ဒဏ်ရာရပြီး  စစ်ကိုင်းတိုင်း၊ ကလေးမြို့အနီး ထိုမာရွာက စစ်ဘေးရှောင်တွေဟာ တောတောင်တွေမှာ အမိုးအကာမပါဘဲ ဖြစ်သလို နေထိုင်နေကြရပြီး စားနပ်ရိက္ခာနဲ့ အမိုးအကာအကူအညီတွေလိုအပ်နေပါတယ်။

ထိုမာရွာက စစ်ဘေးရှောင်အမျိုးသမီးတယောက်က “ဆီ၊ ဆား၊ ငါးပိက အစမရှိဘူး ရှင့် ကျမတို့မှာ။ အလုပ်အကိုင်ကလည်း အဆင်မပြေဘူးဆိုတော့ကာ မိုးကာကလည်း အပြဲကြီးနဲ့နေရတာ” လို့ ပြောပါတယ်။

ထိုမာရွာကဒေသခံတွေဟာ ဖေဖော်ဝါရီ ၂၈ ရက်နေ့မှ, စစ်ကောင်စီက ကျေးရွာတွင်းကို စစ်ကြောင်းနဲ့ ဝင်ချိန်ကစတင်ပြီး ဘေးလွတ်ရာနေရာတွေမှာ ထွက်ပြေးတိမ်းရှောင်နေကြတာ ဖြစ်ပါတယ်။

စစ်ဘေး‌တိမ်းရှောင်နေရတာ တလနီးပါးရှိလာပြီဖြစ်ပြီး ရုတ်တရက်ထွက်ပြေးခဲ့ရတာကြောင့် ဘာမှပါမလာခဲ့သလို မိုးတွေရွာတော့နေထိုင်စရာ အခက်အခဲဖြစ်နေကြပြီး စားသောက်ရေးမှာလည်း အခက်အခဲရှိနေကြတယ်လို့ ဆိုပါတယ်။

ထိုမာရွာက နောက်ထပ်စစ်ရှောင်အမျိုးသမီးတယောက်က “မိုးတွေစိုလိုလို့ ဒီမှာ နေစရာတောင်မရှိ၊ ထိုင်စရာမရှိဖြစ်နေတာ။ စောင်တွ အကုန်လုံးစိုလို့ ဒုက္ခတွေရောက်နေတယ်” လို့ ပြောပါတယ်။

အဲဒီထိုမာရွာမှာ နေအိမ် ၃,၀၀၀ ကျော်ရှိပြီး လူဦးရေ ၁ သောင်းကျော်နေထိုင်တယ်လို့ သိရကာ မတ် ၉ ရက်နေ့ကလည်း စစ်ကောင်စီတပ်နဲ့ ဒေသခံကာကွယ်ရေးတပ်တွေကြား တိုက်ပွဲအပြီးမှာ စစ်ကောင်စီကထိုမာရွာက ဒေသခံနေအိမ် ၁၄ လုံးကို မီးရှို့ဖျက်ဆီးခဲ့ပါသေးတယ်။

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်၊ တိုက်နယ်အမှတ် ၁ ထဲကို မတ် ၂၂ ရက် ညနေ ၅ နာရီလောက်က စစ်ကောင်စီက လေကြောင်းကနေတိုက်ခိုက်ခဲ့တဲ့အတွက် အရပ်သား ၁ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဆီက သိရပါတယ်။

ဂျက်ဖိုက်တာနဲ့ ၂ ကြိမ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး အသက် ၂၀ ဝန်းကျင်အမျိုးသား ၂ ဦး ထိခိုက်ဒဏ်ရာရခဲ့တာမှာ မောင်ထန်းမောင်းဆိုသူကတော့ သေဆုံးခဲ့တယ်လို့ သိရပါတယ်။

မင်းတပ်မြို့နယ် ပအဖတာဝန်ရှိသူ ဆလိုင်းယောမာန်က “ဒေသခံ ၁ ဦး ဗုံးဆံထိပြီးမှ သေတယ်။ ၁ ဦးဒဏ်ရာရတယ်။ ဗုံးကြဲခံရတဲ့ ရွာအနီးဝန်းကျင်မှာ တိုက်ပွဲလည်းမရှိဘူး။ ရွာအနီးဝန်းကျင်မှာ အစုအဝေးလည်း မရှိဘူး။ စစ်ကြောင်းလည်း မရှိဘဲနဲ့ ရုတ်တရက်ဗုံးကြဲသွားတာ။ အဆောက်အဦတွေ ၂ ခုလောက်ပဲ အနည်းငယ် ထိသွားတယ်။ ရွာပြင်ဘက်ကို ကျလို့ပါ” လို့ ပြောပါတယ်။

မတ်လအတွင်း မင်းတပ်မြို့နယ်မှာ တိုက်ပွဲမရှိဘဲ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေတာ ၄ ကြိမ်ရှိပြီလို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013