DVB Logo
Home
မြန်မာသတင်း
မင်းတပ်မြို့ပေါ် စျေးလာဝယ်သည့် လူငယ် ၃ ဦးကို စစ်ကောင်စီတပ် ဖမ်းဆီး
DVB
·
March 22, 2024
မင်းတပ်မြို့ပေါ် စျေးလာဝယ်သည့် လူငယ် ၃ ဦးကို စစ်ကောင်စီတပ် ဖမ်းဆီး
Donate to DVB

ချင်းပြည်နယ်၊ မင်းတပ်မြို့မှာ စစ်ကောင်စီတပ်က လူငယ်သုံးဦးကို ဖမ်းဆီးထားပြီး လက်ရှိအချိန်ထိ ပြန်လည်လွတ်မြောက်လာခြင်း မရှိသေးဘူးလို့ မင်းတပ်မြို့ခံတွေဆီက သိရပါတယ်။

မတ် ၂၁ ရက် မနက်ပိုင်းက မင်းတပ်မြို့နယ်၊ ချိုင်ရွာကနေ ဆိုင်ကယ်နဲ့ စျေးလာဝယ်တဲ့ လူငယ်သုံးဦးကို မင်းတပ်မြို့ပေါ် ငါးမိုင်အနီးမှာ ဖုန်းစစ်ရင်း ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။

ဖမ်းဆီးခံရတဲ့ ချိုင်ရွာက လူငယ်တွေဟာ အသက် ၂၀ ဝန်းကျင် အရွယ်တွေဖြစ်ပြီး မင်းတပ်မြို့အခြေစိုက် ခမရ-၂၇၄ တပ်ရင်းအတွင်း ခေါ်ဆောင်သွားတယ်လို့ မင်းတပ်မြို့ခံတဦးက ပြောပါတယ်။

“စစ်ဆေးရေးဂိတ်က ၃ မိုင်မှာ၊ ၅ မိုင်က တခါတလေမှ ကင်းလှည့်ကြတာ၊ မလှည့်တာကြာပြီ။ မနေ့ကမှ ပြန်လှည့်ရင်း အဲ့ဘက်ရောက်နေကြတာ မသိဘဲ သွားကြတာထင်တယ်။ ဖုန်းစစ်တော့ ဘာတွေ့လို့လဲမသိဘူး၊ မသင်္ကာလို့ ခေါ်သွားတာ။”

မင်းတပ်မြို့ ခလရ ၂၇၄ တပ်ရင်းရှိ စစ်ကောင်စီတပ်သားတွေဟာ အခု မတ်လအတွင်း ကျေးရွာတွေဘက်ကို ဝင်ထွက်သွားလာနေကြတဲ့အပြင် လက်နက်ကြီးပစ်ခတ်တာ၊ ပြည်သူတွေကို ဖမ်းဆီးတာတွေ ဆက်တိုက်ပြုလုပ်နေတဲ့အတွက် သက်ဆိုင်ရာ ကာကွယ်ရေးအဖွဲ့တွေရဲ့ ထုတ်ပြန်ချက်တွေကို ပြည်သူတွေ လိုက်နာပေးကြဖို့ CDF-မင်းတပ်က အသိပေး ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013