DVB Logo
Home
မြန်မာသတင်း
ဆိုက်ခေါင်တွင် အရပ်သား ၁ ဦးကို PNA ပြည်သူ့စစ် ပစ်သတ်
DVB
·
March 21, 2024
ဆိုက်ခေါင်တွင် အရပ်သား ၁ ဦးကို PNA ပြည်သူ့စစ် ပစ်သတ်
Donate to DVB

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ ဆိုက်ခေါင်စံပြကျေးရွာရှိ အရပ်သားတဦးကို ပအိုဝ်းအမျိုးသားပြည်သူ့စစ် (PNA) က မတ် ၁၈ ရက် ညမှာ သေနတ်နဲ့ ပစ်သတ်လိုက်ကြောင်း ကျေးရွာနေသူတွေက ပြောပါတယ်။

ဆိုက်ခေါင်စံပြကျေးရွာ အောင်သုခရပ်ကွက်မှာ နေထိုင်တဲ့ အမျိုးသားတဦးကို မတ် ၁၈ ရက်က စစ်ကောင်စီတပ်သားတွေက PDF တွေနဲ့ ဆက်စပ်တယ်ဆိုတဲ့ သတင်းကြောင့် စစ်မေးဖို့ အိမ်ကိုသွားတဲ့အချိန်မှာ တံခါးကို မဖွင့်ပေးဘဲ ထွက်ပြေးတာကြောင့် ရွာထဲမှာရှိတဲ့ PNA စစ်သားတွေက ပစ်သတ်လိုက်တာလို့ ဆိုပါတယ်။

အောင်သုခရပ်ကွက်မှာ နေထိုင်သူတဦးက “အစက ဗမာစစ်သားတွေက သူ့ကိုမေးဖို့ဆိုပြီး အိမ်ကိုသွားတာ၊ စစ်သားတွေလည်း အများကြီးပဲ။ သူက တံခါးမဖွင့်ပေးဘဲ ပြတင်းပေါက်ကနေ ထွက်ပြေးသွားတာ။ အဲဒါကိုသိတော့ ဗမာစစ်သားတွေက အိမ်ရှေ့မှာပဲ အပေါ်ကိုထောင်ပြီး သေနတ်တချက် ဖောက်လိုက်တာ၊ ပြီးတော့ PNA ကို ဖုန်းဆက်ပြီး ပြောလိုက်တာ၊ ဟိုကလည်း ရွာထဲမှာ စစ်သားတွေ ကင်းချထားပြီးသားဆိုတော့ အဲ့ ကင်းစောင့်စစ်သားတွေက လိုက်ဖမ်းတာ မမိလို့ သေနတ်နဲ့ လေးချက်ပစ်တာ အချက်တိုင်းမှန်တယ်၊ အဲ့လူလည်း တခါတည်းသေသွားတယ်” လို့ ပြောပါတယ်။

သေနတ်နဲ့ ပစ်သတ်ခံရတဲ့ အမျိုးသားမှာ အသက် ၄၀ ဝန်းကျင်ရှိ ကိုညွန့်နိုင် ဖြစ်ပြီး သေဆုံးသွားတဲ့ အလောင်းကိုလည်း PNA က မိုးကာတခုနဲ့ပတ်ပြီး သယ်ယူသွားတယ်လို့ သိရပါတယ်။

“ဒီနေ့ထိ အလောင်းပြန်မပေးဘူး။ သူ့မိသားစုတွေကိုလည်း အကုန် လိုက်စစ်တယ်ကြားတယ်။ ဒီနေ့မှာ ဆွမ်းကပ်ပေးတယ်ကြားတယ်။ အဲ့ကိစ္စနဲ့ပတ်သက်ပြီး အခု ရပ်ကွက်ထဲမှာ သူတို့မိသားစု စောင့်ကြည့်ခံနေရတယ်။ ပြီးတော့ ဆက်စပ်တဲ့ လူတွေကိုလည်း ထပ်မေးတယ်တဲ့” လို့ အဲဒီဒေသခံက ဆက်ပြောပါတယ်။

လက်ရှိမှာ ဆိုက်ခေါင်စံပြကျေးရွာက ရပ်ကွက်တိုင်းမှာ အသွင်ပြောင်း ပြည်သူ့စစ် PNA တပ်တွေက စောင့်ကြပ်နေပြီး ရွာသားတွေလည်း လုံခြုံရေး စိုးရိမ်နေကြရပါတယ်။

ဆိုက်ခေါင်ကျေးရွာက ဇောတိကာရာမ ဘုန်းကြီးကျောင်းဝန်းအပြင် ကျေးရွာ အနောက်ဘက်မှာလည်း စစ်ကောင်စီရဲ့ ခမရ ၄၂၃၊ ၄၂၄ တပ်သားတွေနဲ့ PNA တပ်သား ၃၀၀ ကျော် တပ်စွဲထားတယ်လို့ အရပ်သားတွေ ပြောပြချက်အရ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013