DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီ တပ်ရင်းလိုက် စခန်းစွန့်ခွာပြီး ထိုင်းနိုင်ငံဘက် ထပ်မံထွက်ပြေး
DVB
·
March 21, 2024
စစ်ကောင်စီ တပ်ရင်းလိုက် စခန်းစွန့်ခွာပြီး ထိုင်းနိုင်ငံဘက် ထပ်မံထွက်ပြေး
Donate to DVB

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် ရေတလျှောက်စခန်းက စစ်ကောင်စီ တပ်သား ၇၀ ကျော် ထိုင်းနိုင်ငံဘက်ကို နယ်စပ်ဖြတ်ကျော်ပြီး  မတ် ၂၁ ရက် ဒီနေ့ ထပ်မံထွက်ပြေးလာပါတယ်။

ကြာအင်းဆိပ်ကြီးမြို့နယ် ရေတလျှောက်စခန်းတွင်းမှာရှိနေတဲ့ ခမရ ၃၃၉ နဲ့ ခမရ ၅၅၇ တပ်ရင်းတွေက တပ်သား ၇၂ ယောက်ဟာ ဒီနေ့မနက်မှာ ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ အုန်းဖန်မြို့နယ်၊ ပိုင်ခလန်ကျေးရွာကို ရောက်လာလို့ ထိုင်းစစ်တပ်တာဝန်ရှိသူတွေက ဖမ်းဆီးခဲ့ပါတယ်။

မနက် ၈ နာရီကျော်မှာ ပထမ ၂၆ ယောက် ထွက်ပြေးဝင်ရောက်လာခဲ့ပြီး နောက်ထပ် ၄၆ ယောက်လည်း မနက် ၁၀ နာရီကျော်မှာ ပိုင်ခလန်ကျေးရွာကို ထပ်ရောက်လာခဲ့တာလို့ ထိုင်းတာဝန်ရှိသူနဲ့ နီးစပ်သူက ပြောပါတယ်။ 

ထိုင်းနိုင်ငံအတွင်း ထွက်ပြေးဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သား ၇၂ ဦးလုံး လက်နက်ကိုယ်စီပါဝင်လာကြပြီး အဆိုပါလက်နက်တွေကို ထိုင်းစစ်တပ်အာဏာပိုင်တွေက သိမ်းဆည်းထားတယ်လို့ ဆိုပါတယ်။

ရေတလျောက်စခန်းဟာ ကြာအင်းဆိပ်ကြီး ကျိုက်ဒုံဗျူဟာစခန်းအရှေ့ဘက်မှာ တည်ရှိပြီး သူတို့စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နဲ့ ပူးပေါင်းတပ်ဖွဲ့ဝင်တွေက ဝင်သိမ်းမယ်ဆိုပြီး သတင်းရရှိခဲ့တာကြောင့်  တပ်ရင်းလိုက် ထွက်ပြေးလာတာလို့ ဆိုပါတယ်။

စခန်းကနေ မတ် ၁၇ ရက်က ထွက်ခွာခဲ့တာဖြစ်ပြီး ဒီကနေ့ ထိုင်းနိုင်ငံဘက်ခြမ်းကို ထွက်ပြေးရောက်ရှိခဲ့တာပါ။ 

မနေ့ မတ် ၂၀ ရက်ကလည်း ကြာအင်းဆိပ်ကြီးမြို့နယ် အခြေစိုက် ခမရ ၅၅၈ တပ်ရင်း ဒေသအခေါ် မဲ့သရောထစခန်းက တပ်ရင်းမှူးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် အယောက် ၅၀ နီးပါး  တပ်ရင်းလိုက်စွန့်ခွာပြီး ထိုင်းနိုင်ငံဘက်ကို နယ်စပ်ဖြတ်ကျော် ထွက်ပြေးလာခဲ့ပါသေးတယ်။

မတ် ၂၀ ရက်က ဖမ်းဆီးရမိတဲ့ စစ်ကောင်စီတပ်တွေကို ဒီကနေ့ မဲဆောက်မြို့ကို ပို့ဆောင်စစ်ဆေးနေပြီး စစ်ဆေးချက်တွေအရ သူတို့တွေဟာ စခန်းတွင်းမှာလည်း ရိက္ခာတွေ ပြတ်တောက်နေပြီး ရိက္ခာပို့တဲ့သူလည်းမရှိလို့ စခန်းကနေ ထွက်ခွာခဲ့တာလို့ ဆိုပါတယ်။ 

ဒီကနေ့ ဖမ်းဆီးရမိတဲ့ စစ်ကောင်စီတပ်သားတွေကိုလည်း အလားတူ စစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်မယ်လို့လည်း သိရပါတယ်။ 

လတ်လော ကြာအင်းဆိပ်ကြီးမြို့နယ် ကျိုက်ဒုံမြို့အရှေ့ဘက်ခြမ်းမှာ စစ်ကောင်စီတပ်စခန်းတခုသာ ကျန်ရှိတော့ပါတယ်။

Photo - မတ်လ ၁ ၉ရက်၊ ထိုင်းနိုင်ငံ အုန်းဖန်မြို့ ပိုင်ခလန်ကျေးရွာဘက်သို့ ထွက်ပြေးသွားခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013