DVB Logo
Home
နိုင်ငံတကာ
တောင်တရုတ်ပင်လယ်တွင် တရုတ်က စစ်အခြေစိုက်စခန်းကြီးများ တည်ဆောက်
DVB
·
March 20, 2024
တောင်တရုတ်ပင်လယ်တွင် တရုတ်က စစ်အခြေစိုက်စခန်းကြီးများ တည်ဆောက်
Donate to DVB

တောင်တရုတ်ပင်လယ်အတွင်း ထိုင်ဝမ် အဓိကပိုင်ဆိုင်ထားတဲ့ ရေပိုင်နက်ရှိ ကျွန်းသုံးကျွန်းပေါ်မှာ တရုတ်က ကြီးမားတဲ့ စစ်အခြေစိုက်စခန်းတွေကို တည်ဆောက်ခဲ့ကြောင်းနဲ့ ထိုင်ပေကတော့ မဟာဗျူဟာကျတဲ့ ရေလမ်းကြောင်းမှာ တင်းမာမှုတွေ ထပ်တိုးလာဖို့ ကြိုးပမ်းနေခြင်းမရှိကြောင်း ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီးက မတ် ၂၀ ရက်မှာ ပြောကြားခဲ့ပါတယ်။

တရုတ်နိုင်ငံဟာ တောင်တရုတ်ပင်လယ်ရှိ ကျွန်းစုတွေပေါ်မှာ တိုးချဲ့လယ်ယာမြေတွေကို ပြန်လည်သိမ်းယူမှု၊ အဓိက လေတပ်နဲ့ တခြားစစ်ဘက်ဆိုင်ရာ အဆောက်အအုံတွေ တည်ဆောက်တာတွေကို လုပ်ဆောင်ခဲ့တာကြောင့် ဝါရှင်တန်နဲ့ ဒေသတဝိုက်မှာ စိုးရိမ်ပူပန်မှုတွေ ကြီးထွားနေကြပါတယ်။

ဖိလစ်ပိုင်နဲ့ တရုတ်ကြား အငြင်းပွားမှုအပြင် တိုင်ပင်းကျွန်း အနီးတဝိုက်ရှိ ကျွန်းသုံးကျွန်းပေါ်မှာ တရုတ်က အလွန်ကြီးမားတဲ့ တောင်တရုတ်ပင်လယ် စစ်အခြေစိုက်စခန်းတွေ တည်ဆောက်ထားပြီးကြောင်းနဲ့ လက်ရှိအခြေအနေမှာလည်း အငြင်းပွားမှုတွေ မြင့်တက်လာတာကြောင့် ထိုင်ဝမ်အနေနဲ့ တောင်တရုတ်ပင်လယ်မှာ အငြင်းပွားမှုတွေကို ငြိမ်းချမ်းတဲ့နည်းနဲ့ ဘယ်လိုဖြေရှင်းနိုင်မလဲ ဆိုတာကို စဉ်းစားရမှာ ဖြစ်ကြောင်း ထိုင်ဝမ် နိုင်ငံခြားရေးဝန်ကြီး ဂျိုးဆက်ဖ် ဝူက ပြောပါတယ်။

ထိုင်ဝမ်နဲ့ တရုတ် နှစ်နိုင်ငံစလုံးဟာ တောင်တရုတ်ပင်လယ်ရဲ့ ရေပြင်အများစုကို သူတို့ပိုင်နက်အဖြစ် အခိုင်အမာ ပြောနေကြပေမဲ့ ထိုင်ဝမ်ဟာ အီတူအဘာလို့ ခေါ်တဲ့ ပင်လယ်တောင်ဘက်ပိုင်းရှိ အငြင်းပွား စပရက်တလီ ကျွန်းစုတွေထဲက တိုင်ပင်းကျွန်းလို့ ခေါ်ဆိုထားတဲ့ ကျွန်းကလေးတကျွန်းကိုသာ ထိန်းချုပ်ထားပါတယ်။

တရုတ်နဲ့ ဖိလစ်ပိုင်တို့ဟာ တောင်တရုတ်ပင်လယ်မှာ အန္တရာယ်ရှိတဲ့ ထိပ်တိုက်ရင်ဆိုင်မှုမှာ ပါဝင်ခဲ့ကြပေမဲ့ အီတူအဘာ ပတ်ဝန်းကျင်အခြေအနေမှာလည်း တင်းမာနေဆဲဖြစ်ကြောင်း ဂျိုးဆက်ဖ် ဝူက ပြောပါတယ်။

Source/Photo-REUTERS/Ann Wang

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013