DVB Logo
Home
နိုင်ငံတကာ
နွန်ထပူရီရှိ အကြီးဆုံးလောင်းကစားရုံကို ထိုင်းလုံခြုံရေးတပ်ဖွဲ့ ဝင်ရောက်စီးနင်း 
DVB
·
March 20, 2024
နွန်ထပူရီရှိ အကြီးဆုံးလောင်းကစားရုံကို ထိုင်းလုံခြုံရေးတပ်ဖွဲ့ ဝင်ရောက်စီးနင်း 
Donate to DVB

ထိုင်းနိုင်ငံ ဘန်ကောက်အနီး နွန်ထပူရီခရိုင် ဘန်ယိုင်နယ်မြေ ဖရပင်-၃ လမ်းထဲမှာ လူပေါင်းရာနဲ့ချီ ဝင်ကစားနေတဲ့ လောင်းကစားရုံကြီးတခုကို တာဝန်ရှိသူတွေက မတ် ၁၉ ရက်ညမှာ ဝင်ရောက်စီးနင်းဖမ်းဆီးခဲ့ပါတယ်။ 

အဆိုပါနေရာမှာ လောင်းကစားမှု အကြီးအကျယ်လုပ်နေကြောင်း ပြည်သူတွေက သတင်း ပေးပို့တာကြောင့် စုံစမ်းထောက်လှမ်းပြီး လုံခြုံရေးတပ်ဖွဲ့ဝင် အင်အား ၇၀ ကျော်နဲ့  မတ် ၁၉ ည ၉ နာရီက သွားရောက်ဖမ်းဆီးခဲ့တာပါ။ 

လောင်းကစားရုံဝင်းထဲမှာ မော်တော်ကားအကောင်းစား ရာနဲ့ချီ  ပါကင်ထိုးထားပြီး ခြံစည်းရိုးကို အမြင့် ၃ မီတာထိ ကာရံထားကြောင်း၊ တာဝန်ရှိသူတွေ ရောက်သွားချိန် လူအတော်များများ လျှို့ဝှက်တံခါးပေါက်နေထွက်ပြေးသွားကြပြီး ငွေထုတ်တွေလည်း အထပ်လိုက် ကျကျန်ရစ်ခဲ့တယ်လို့ တာဝန်ရှိသူက သတင်းထောက်ကို ပြောပါတယ်။ 

တထပ်ဂိုဒေါင် ခန်းမကျယ်ကြီးထဲမှာ လူပေါင်းရာနဲ့ချီကစားနိုင်တဲ့ လောင်းကစားဝိုင်း မျိုးစုံချထားပြီး  ကိုယ့်ဝိုင်းနဲ့ကိုယ် သီးသန့်ကစားနိုင်တဲ့ VIP ခန်းက ၁၆ ခန်းပါရှိကြောင်း၊ ဘတ်သန်းပေါင်း ၅၀ ကျော်တန်ဖိုးရှိ ဖဲထုတ်တွေ၊  ငွေသား ဘတ် ၁၀ သန်းကျော်၊  ငွေသား ဘတ်သန်းနဲ့ချီ လဲလှယ်ကစားနိုင်တဲ့ ငွေချပ်ပြားတွေ၊ သေနတ်တလက်နဲ့ ကျည်ကတ်တွေပါ သိမ်းဆည်းရမိတယ်လို့ ဆိုပါတယ်။ 

လောင်းကစားရုံထဲမှာ ကစားဝိုင်းအပြင် စားသောက်ဆိုင်၊ နားနေခန်းတွေပါရှိပြီး ၂၄ နာရီ ဝင်ကစားနိုင်တယ်၊ ဒါပေမဲ့ ယုံကြည်ရတဲ့နီးစပ်သူတွေသာ ဝင်လို့ရပြီး ကစားတဲ့သူတွေအနေနဲ့  ဓာတ်ပုံရိုက်လို့မရအောင် တယ်လီဖုန်းမျက်နှာပြင်ကို စတစ်ကာတွေနဲ့ ကပ်ထားရတယ်၊ စီစီကင် မရာအလုံးပေါင်း ၆၀ ကျော်ရှိတယ်၊ လောင်းကစားမှု လည်ပတ်ငွေ နေ့စဉ် ဘတ်သန်းပေါင်း ၃၂၀ ကျော်ပြီး နေ့စဉ်လာကစားသူ ၂၀၀ ကျော် ၃၀၀ နီးပါးရှိတယ်လို့ ဆိုပါတယ်။ 

အသက် ၅၄ နှစ်ရွယ် နိုင်းဘွန်းချိုင်းဆိုသူက လောင်းကစားရုံတာဝန်ခံအဖြစ် အဖမ်းခံပြီး သေနတ်ကတော့ လောင်းကစားသူတဦးက ဘတ် ၅၀၀၀ နဲ့  ပေါင်နှံထားတာလို့ ဆိုပါတယ်။ 

တာဝန်ရှိသူတွေကတော့ အခြားပါဝင်ပတ်သက်သူတွေ၊ လာဘ်စားပြီး လောင်းကစားရုံ လျစ်လျူရှုထားတဲ့ နယ်မြေခံရဲတွေပါ ဆက်လက်စုံစမ်းဖော်ထုတ်အရေးယူသွားမယ်လို့ ပြောပါ တယ်။ 

ခုတခေါက် ဖမ်းဆီးရမိတဲ့ လောင်းကစားဝိုင်းဟာ ထိုင်းမှာ အကြီးကျယ်ဆုံး ကစားဝိုင်းကြီးပဲလို့ ဆိုပါတယ်။ 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013