DVB Logo
Home
မြန်မာသတင်း
ကချင်ပြည်နယ် မြို့နယ်အချို့၌ စစ်မှုထမ်းရန် ဆင့်ခေါ်စာပို့
DVB
·
March 20, 2024
ကချင်ပြည်နယ် မြို့နယ်အချို့၌ စစ်မှုထမ်းရန် ဆင့်ခေါ်စာပို့
Donate to DVB

ကချင်ပြည်နယ်အတွင်းက မြို့နယ်တချို့မှာ စစ်ကောင်စီရဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေ အသက်ဝင်ဖို့ မတ်လဆန်းပိုင်းကစတင်ပြီး စာရင်းကောက်ခံတာတွေ ပြုလုပ်ပြီး ရပ်ကွက်အလိုက် ဆင့်ခေါ်စာတွေ ပို့ဆောင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကချင်ပြည်နယ်အတွင်းက မြစ်ကြီးနား၊ မိုးကောင်း၊ မိုးညှင်း၊ ပူတာအို စတဲ့မြို့နယ်တွေက ရပ်ကွက်တချို့မှာ ပြည်သူတွေရဲ့ နေအိမ်တွေကို ရပ်ကျေးအုပ်ချုပ်ရေးမှူးကတဆင့် စစ်မှုထမ်းဥပဒေအတွက် ဆင့်ခေါ်စာတွေ လိုက်လံပို့ဆောင်နေတာလို့ ဆိုပါတယ်။

မြစ်ကြီးနားဒေသခံတဦးက “မြစ်ကြီးနားမှာတော့ မြို့သစ်ကြီးရပ်ကွက်၊ နန်းကွေ့ရပ်ကွက်တွေမှာ စစ်မှုထမ်းဥပဒေအကြောင်း ဆွေးနွေးဖို့ ဆင့်ခေါ်စာတွေ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးက ပို့တယ်။ ဒီရပ်ကွက်နှစ်ခုက စစ်တပ်နဲ့နီးတယ်။ ကျန်တဲ့ မြို့ထဲရပ်ကွက်တွေတော့ အဲလို ဆင့်ခေါ်စာ မရောက်သေးဘူး” လို့ ပြောပါတယ်။

စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေကို အလိုမရှိတဲ့အတွက် လူငယ်တချို့ကတော့ တခြားနိုင်ငံတွေကို သွားရောက်နေထိုင် အလုပ်လုပ်ကြမယ်လို့ သိရပါတယ်။

အသက် ၂၀ ကျော်အရွယ် မိုးကောင်းဒေသခံ လူငယ်တဦးက “မိသားစုတစုလုံး စိတ်တွေညစ်နေတယ်။ တအိမ်လုံးမှာ စစ်မှုထမ်းဥပဒေနဲ့ အကျုံးဝင်တာ ကျနော်တယောက်တည်း ဖြစ်နေတယ်။ ကျနော်ကတော့ တရုတ်နဲ့ ထိုင်ဝမ် တခုခု သွားနေမယ်။ စစ်မှုထမ်းဥပဒေကြောင့် နိုင်ငံခြားထွက်သူတွေ အများကြီးပဲ” လို့ ပြောပါတယ်။

စစ်မှုထမ်းဥပဒေအတွက် ဆင့်ခေါ်စာရောက်ရှိလာပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို လာရောက်တဲ့အခါ နိုင်ငံသားစိစစ်ရေးကတ်ပြားပါ တပါတည်း ယူဆောင်လာရမှာဖြစ်ပြီး ဆင့်ခေါ်စာရပြီးနောက် သတင်းပို့ဖို့ ပျက်ကွက်ပါက ပြည်သူ့စစ်မှုထမ်းဥပဒေအရ အရေးယူမှာ ဖြစ်ကြောင်းလည်း ဆင့်ခေါ်စာကတဆင့်  ခြိမ်းခြောက်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013