DVB Logo
Home
အားကစား
အင်္ဂလန်နည်းပြဆောက်ဂိတ်ကို ခေါ်ယူခန့်အပ်ရန် မန်ယူအသင်းပိုင်ရှင် ယုံကြည်
DVB
·
March 20, 2024
အင်္ဂလန်နည်းပြဆောက်ဂိတ်ကို ခေါ်ယူခန့်အပ်ရန် မန်ယူအသင်းပိုင်ရှင် ယုံကြည်
Donate to DVB

မန်ယူအသင်းပိုင်ရှင်တဦးဖြစ်သူ ဆာဂျင်ရတ်ကလစ်ဖ်ဟာ အင်္ဂလန်နည်းပြဆောက်ဂိတ်ကို ခေါ်ယူ ခန့်အပ်ဖို့ ယုံကြည်နေတယ်လို့ သိရပါတယ်။

မန်ယူအသင်းဟာ နည်းပြတန်ဟတ်ဂ်ကို ရာသီအကုန်မှာ ထုတ်ပယ်ဖို့စဉ်းစားနေပြီး အင်္ဂလန်နည်းပြဆောက်ဂိတ်နဲ့ အစားဖိုးဖို့ ဆန္ဒရှိနေတာပါ။

နည်းပြဆောက်ဂိတ်ဟာလည်း အင်္ဂလန်အသင်းနဲ့အတူ ယူရို ၂၀၂၄ ပြိုင်ပွဲအပြီးမှာ စာချုပ်သက်တမ်း ကုန်ဆုံးမှာဖြစ်ပြီး အနာဂတ်နဲ့ပတ်သက်လို့ ဆုံးဖြတ်ချက်တခု ချမှတ်ရဖို့ ရှိပါတယ်။

မန်ယူအသင်းဟာ အင်္ဂလန်အက်ဖ်အေမှာ  ဘောလုံးဖွံ့ဖြိုးတိုးတက်မှု ဒါရိုက်တာအဖြစ် တာဝန်ယူခဲ့တဲ့ နယူးကာဆယ် ဘောလုံးဒါရိုက်တာဟောင်း ဒမ်အက်ရှ်ဝါ့သ်ကိုလည်း ခေါ်ယူဖို့ အကြိုသဘောတူညီမှု ရထားပါတယ်။

ဒမ်အက်ရှ်ဝါ့ဒ်ဟာ နည်းပြဆောက်ဂိတ်နဲ့အတူ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ လက်တွဲ လုပ်ဆောင်ခဲ့ဖူးသူဖြစ်ပြီး မန်ယူအသင်းမှာ ပြန်လည်ဆုံတွေ့ကြဖို့ ဖြစ်လာတာပါ။

ယူရိုပြိုင်ပွဲမှာ အင်္ဂလန်အသင်း အောင်မြင်မှုရ၊ မရကလည်း နည်းပြဆောက်ဂိတ်ရဲ့အနာဂတ်ကို အဆုံးအဖြတ်ပေးသွားဖို့ ရှိပါတယ်။ 

Photo-Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013