DVB Logo
Home
မြန်မာသတင်း
အောင်ပန်းမြို့ သပိတ်အတွင်း ကျဆုံးခဲ့သူ ၁၁ ဦးအတွက် အောက်မေ့ဖွယ်အခမ်းအနား ပြုလုပ်
DVB
·
March 19, 2024
အောင်ပန်းမြို့ သပိတ်အတွင်း ကျဆုံးခဲ့သူ ၁၁ ဦးအတွက် အောက်မေ့ဖွယ်အခမ်းအနား ပြုလုပ်
Donate to DVB

ရှမ်းပြည်နယ်တောင်ပိုင်း၊ အောင်ပန်းမြို့ရဲ့ သပိတ်ကာလမှာ အစောဆုံး ဖြိုခွင်းခံရပြီး ကျဆုံးခဲ့ရသူ ၁၁ ဦးရဲ့ ကျဆုံးခြင်း ၃ နှစ်ပြည့် အောက်မေ့ဖွယ်အခမ်းအနားကို Urban Task Force-UTF တပ်ဖွဲ့က တောတွင်းတနေရာမှာ မတ် ၁၉ ရက် ဒီကနေ့ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

သပိတ်ကာလ မတ် ၁၉ ရက် ၂၀၂၁ ခုနှစ်မှာ စစ်ကောင်စီတပ်ရဲ့ ရက်ရက်စက်စက် ဖြိုခွင်းခဲ့မှုကြောင့် တချိန်တည်းမှာ ကျဆုံးခဲ့ရတဲ့ အာဇာနည်သူရဲကောင်းတွေကို အောက်မေ့အမှတ်ရနေစေဖို့ ပြုလုပ်တာလို့ ဆိုပါတယ်။

UTF တပ်ဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ရှိသူ အမျိုးသမီးက “အောင်ပန်းမှာ အာဇာနည်တွေ ကျဆုံးခဲ့တယ်။ သူတို့က အစောဆုံးကျဆုံးခဲ့တာဖြစ်တော့ သူတို့ကို မေ့လျော့သွားမှာစိုးလို့ပေါ့နော်။ သူတို့က ရဲဘော်မဟုတ်သေးဘဲ ပြည်သူအနေနဲ့ တော်လှန်ရေးထဲ ကျဆုံးသွားတယ်ဆိုတော့ အမြဲအမှတ်ရစေချင်တယ်။ သူတို့ သူငယ်ချင်းတွေကလည်း သူတို့ကို မမေ့လျော့ဘဲ တော်လှန်ရေးထဲ ပိုအားစိုက်နိုင်စေဖို့ ရည်ရွယ်ပါတယ်” လို့ ပြောပါတယ်။

အောက်မေ့ဖွယ်အလေးပြုခြင်း အခမ်းအနားမှာ ကျဆုံးခဲ့ရတဲ့ အာဇာနည်တွေကို အလေးပြုတာ၊ အခမ်းအနားပြုလုပ်ရတဲ့ အကြောင်းအရာတွေကို ပြောဆိုတာ၊ အာဇာနည်တွေအတွက် အမှတ်တရစကား ပြောဆိုတာ၊ ကဗျာရွတ်ဆိုတာ၊ တပ်ရင်းတပ်ဖွဲ့တွေကို ဆုံစည်းစေတာ၊ တက်ရောက်လာတဲ့ ဧည့်သည့်တွေကို ဧည့်ခံတာ စတဲ့အစီအစဥ်တွေ ပါဝင်တယ်လို့ သိရပါတယ်။

အခမ်းအနားကို ရှမ်းပြည်နယ်တောင်ပိုင်းက တော်လှန်ရေး တပ်ရင်းတပ်ဖွဲ့ အသီးသီးက တက်ရောက်အလေးပြုကြပြီး တက်ရောက်သူဦးရေ ၁၀၀ ကျော်တယ်လို့ သိရပါတယ်။

Urban Task Force-UTF တပ်ဖွဲ့က ခုလက်ရှိအချိန်မှာ ကရင်နီပြည်နယ်က စစ်ကြောင်းတွေမှာ မဟာမိတ် ပူးပေါင်းတပ်ဖွဲ့တွေနဲ့အတူ ပါဝင်တိုက်ခိုက်နေပြီး အသစ်ရောက်လာတဲ့ သင်တန်းသားတွေကို စစ်ရေးစစ်ရာ သင်ကြားပို့ချမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013