DVB Logo
Home
မြန်မာသတင်း
ဧရာဝတီတိုင်းတွင် စက်သုံးဆီဈေးနှုန်းမြင့်တက်လာသဖြင့် တောင်သူများ အခက်ကြုံ
DVB
·
March 19, 2024
ဧရာဝတီတိုင်းတွင် စက်သုံးဆီဈေးနှုန်းမြင့်တက်လာသဖြင့် တောင်သူများ အခက်ကြုံ
Donate to DVB

ဧရာဝတီတိုင်းမှာ ဆောင်းသီးနှံနဲ့ နွေစပါးတွေ စတင်စိုက် ပျိုးနေတဲ့အချိန်မှာ စက်သုံးဆီဈေးနှုန်း  ပြန်လည်မြင့်တက်လာတဲ့အတွက် တောင်သူတွေ အခက်အခဲ ဖြစ်နေကြတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဧရာဝတီတိုင်းမှာ မတ်လဟာ နွေစပါးနဲ့ ဆောင်းသီးနှံ စတင် စိုက်ပျိုးနေတဲ့အချိန်ဖြစ်ပြီး လက်ရှိ စက်သုံးဆီ စက်သုံးဆီဈေးနှုန်း ပြန်လည်မြင့်တက်လာတဲ့အတွက် ဒေသခံတောင်သူတွေဟာ နွေစပါးစိုက်ပျိုးဖို့ အခက်အခဲဖြစ်နေပြီး မစိုက်ဘဲထားဖို့ ဆုံးဖြတ်သူတွေလည်း ရှိလာတယ်လို့ ဒေသခံတောင်သူတယောက်က ပြောပါတယ်။

''ဒီရက်ပိုင်း ဆီဈေးထပ်တက်လာလို့ တော်တော် ဒုက္ခရောက်နေတယ်။ လယ်ယာ လုပ်ငန်း လုပ်ချိန်ကျမှ စက်သုံးဆီဈေးက တက်နေတဲ့ ဈေးထက်ထပ်ထက်လာတာ။ တောင်သူတွေ တော်တော်များများဆို စက်သုံးဆီဈေး၊ မြေသြဇာဈေးတွေ အချိန်ကိုက်တက်လာလို့ မစိုက်ဘဲနေ တော့မဲ့ တောင်သူတွေ မနည်းရှိတယ်။ ဒီလိုပဲ ဒုက္ခရောက်နေတာ မခံနိုင်တော့ဘူးတဲ့။ တောင်သူတွေ စိုက်ပျိုးရေး မလုပ်ရင်တော့ အထူးပြောဖို့လိုသေးလို့လားဗျာ။ ဆန်စပါးတွေ အထွက်နည်း လာမှတော့ အဲ့တော့ ဈေးတွေလည်း ထပ်တက်လာလိမ့်ဦးမှာပေါ့။”

ဧရာဝတီတိုင်းမှာ မတ် ၁၅ ရက်ကနေ ၁၉ ရက်အတွင်း ၉၂ တလီတာကို ငွေကျပ် ၃,၅၅၀၊ ၉၅ တလီတာကို ငွေကျပ် ၄,၀၀၀ အထိ ဈေးပေါက်နေပြီး ဒေသခံ တောင်သူလယ်သမားတွေ အဓိက အသုံးပြုတဲ့ ရေနံဆီတဂါလန်ကို ၁၉,၅၀၀ အထိ တက်လာတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ မတ် ပထမ အပတ်ကတော့ ၉၂ တလီတာကို ကျပ် ၂,၂၅၀၊ ၉၅ တလီတာကို ကျပ် ၂,၃၅၀ နဲ့ ရေနံဆီတဂါလန်ကို ၁၁,၅၀၀ ဈေးအထိ ပြန်ကျခဲ့သေးတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013
ဧရာဝတီတိုင်းတွင် စက်သုံးဆီဈေးနှုန်းမြင့်တက်လာသဖြင့် တောင်သူများ အခက်ကြုံ