DVB Logo
Home
နိုင်ငံတကာ
ထုတ်လုပ်မှုအကျပ်အတည်းနှင့် ပထဝီနိုင်ငံရေးကြောင့် ရေနံဈေးတက်
DVB
·
March 18, 2024
ထုတ်လုပ်မှုအကျပ်အတည်းနှင့် ပထဝီနိုင်ငံရေးကြောင့် ရေနံဈေးတက်
Donate to DVB

ရေနံထုတ်လုပ်မှုအကျပ်အတည်းနဲ့ ပထဝီနိုင်ငံရေး အခြေအနေတွေကြောင့် အာရှဈေးကွက်မှာ မတ် ၁၈ ရက် မနက်ပိုင်း ရေနံဈေးနှုန်းတွေဟာ လေးရာခိုင်နှုန်းနီးပါး တက်သွားခဲ့ပါတယ်။

ဂရင်းနစ်စံတော်ချိန်အရ မတ် ၁၈ ရက် ကူးစအချိန်မှာ မေလအတွက် အနာဂတ် ဘရန့်ရေနံစိမ်းစျေးဟာ တစည်ကို အမေရိကန်ဒေါ်လာ ၈၅ ဒသမ ၃၇ အထိ တက်သွားပါတယ်။

အမေရိကန် အနောက်တက္ကဆက် ပျမ်းမျှရေနံစိမ်းစျေး (WTI) ကလည်း တစည်ကို အမေရိကန်ဒေါ်လာ ၈၁ ဒသမ ၁၄ အထိ တက်သွားပါတယ်။

မတ် ၁၆ ရက်မှာ တနှစ်ကို ရေနံစိမ်း မက်ထရစ်တန် ၈ ဒသမ ၅  သန်းတောင် ချက်လုပ်နိုင်တဲ့ ရုရှားနိုင်ငံက ရေနံချက်စက်ရုံကို ယူကရိန်းဒရုန်းတွေ တိုက်ခိုက်မှုကြောင့် မီးလောင်သွားပါတယ်။

ဒီဖြစ်စဉ်ကြောင့် ပထမသုံးလပတ်မှာ ရုရှားရေနံချက်နိုင်စွမ်းရဲ့ ၇ ရာခိုင်နှုန်းလောက်အထိ ကျသွားနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

နိုင်ငံတကာက ဟန့်တားနေပေမဲ့လည်း အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုက ဂါဇာက ရာဖာကို ထိုးစစ်ဆင်မယ်ဆိုတဲ့ စကားကလည်း ပထဝီနိုင်ငံရေးအရ ကြီးကြီးမားမား သက်ရောက်မှု ရှိခဲ့ပါတယ်။

အမေရိကန်ဗဟိုဘဏ်ရဲ့ နှစ်ရက်ကြာ အစည်းအဝေးအပြီး ထွက်လာမယ့် ရလဒ်ကလည်း သက်ရောက်မှု ကြီးမားနိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။

Source/Photo-Kyodo/via REUTERS

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013