DVB Logo
Home
အားကစား
ရက်ရှ်ဖို့ဒ်နှင့် ဂရေးလစ်ရှ်တို့ ယူရိုပြိုင်ပွဲ၌ပါဝင်ရန် အာမခံချက်မရှိဟု နည်းပြဆောက်ဂိတ် သတိပေး
DVB
·
March 17, 2024
ရက်ရှ်ဖို့ဒ်နှင့် ဂရေးလစ်ရှ်တို့ ယူရိုပြိုင်ပွဲ၌ပါဝင်ရန် အာမခံချက်မရှိဟု နည်းပြဆောက်ဂိတ် သတိပေး
Donate to DVB

အင်္ဂလန်တိုက်စစ် ကစားသမားတွေဖြစ်တဲ့ ရက်ရှ်ဖို့ဒ်နဲ့ ဂရေးလစ်ရှ်တို့အနေနဲ့ လာမယ့် ယူရိုပြိုင်ပွဲမှာပါဝင်ဖို့ အာမခံချက်မရှိကြောင်း နည်းပြဆောက်ဂိတ်က သတိပေးသွားပါတယ်။

မန်ယူတိုက်စစ်မှူးဟာ ကလပ်မှာ ခြေစွမ်းပြဖို့ ရုန်းကန်နေရသလို မန်စီးတီးတောင်ပံကစားသမားဟာလည်း ကလပ်အသင်းမှာ ပွဲထွက်ခွင့်ပျောက်ဆုံးနေတာပါ။

ရက်ရှ်ဖို့ဒ်ဟာ အခုလာမယ့်တပတ်  နိုင်ငံတကာပွဲစဉ်တွေအတွက် အင်္ဂလန်လူစာရင်းမှာ ရွေးချယ်ခံထားရပေမဲ့ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရတာပါ။

ဂရေးလစ်ရှ်ကတော့  မန်စီးတီးမှာ အရန်ကစားသမားဖြစ်နေတာကြောင့် အင်္ဂလန်အသင်းလူစာရင်းမှာ ချန်လှပ်ခံခဲ့ရပြီး နယူးကာဆယ်က ဂေါ်ဒွန်နဲ့ ဝက်စ်ဟမ်းက ဘိုဝင် တို့ကို အစားထိုးရွေးချယ်ခဲ့တာပါ။

လူစာရင်းရွေးချယ်ရာမှာ ကွင်းတွင်းစွမ်းဆောင်ရည် ကောင်းမွန်နေဖို့ လိုအပ်ပြီး ရက်ရှ်ဖို့ဒ်နဲ့ ဂရေးလစ်ရှ်တို့ အနေနဲ့ ယူရိုပြိုင်ပွဲမှာပါဝင်ဖို့ အာမခံချက်မရှိကြောင်း နည်းပြဆောက်ဂိတ်က ပြောသွားပါတယ်။ 

Source/Photo-Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013