DVB Logo
Home
မြန်မာသတင်း
မြဝတီတွင် နေအိမ်ပြန်ပစ္စည်းယူသည့် စစ်ရှောင်အမျိုးသား ၁ ဦး အသတ်ခံရ
DVB
·
March 16, 2024
မြဝတီတွင် နေအိမ်ပြန်ပစ္စည်းယူသည့် စစ်ရှောင်အမျိုးသား ၁ ဦး အသတ်ခံရ
Donate to DVB

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်မှာ စစ်ဘေးရှောင်နေတဲ့အမျိုးသားတယောက် မတ် ၁၄ ရက်နေ့က နေအိမ်မှာ ပစ္စည်းသွားပြန်ယူတဲ့အချိန် အသတ်ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မြဝတီမှာ စစ်ဘေးရှောင်နေတဲ့ အသက် ၄၀ အရွယ်အမျိုးသားတဦးဟာ မတ် ၁၃ ရက်နေ့က သင်္ကန်းညီနောင်မှာရှိတဲ့ နေအိမ်မှာ ကျန်ခဲ့တဲ့ပစ္စည်းတွေသွားယူတဲ့အချိန် အသတ်ခံခဲ့ရတာပါ။

မြဝတီမြို့နယေ၊ ရွာသစ်ကျေးရွာ၊ ရှိုင်းထူးလမ်းကြား (ပိတောက်လမ်းကြား) မြောင်းထဲမှာ လည်ပင်းနဲ့လက် ဓားဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့ အမျိုးသားတကို မတ် ၁၄ ရက်နေ့ မနက်ပိုင်းက စစ်ရှောင်ဖို့သွားနေတဲ့သူတွေက တွေ့ခဲ့တာဖြစ်ပါတယ်။

မြဝတီမြို့ခံတယောက်က “သူတို့က သင်္ကန်းညီနောင်မှာ တိုက်ပွဲဖြစ်လို့ မြဝတီမှာ တမိသားစုလုံး စစ်ဘေးရှောင်နေရတာ။ အခုလည်း အိမ်မှာ ပစ္စည်းကျန်ခဲ့လို့ သွားပြန်ယူရင်း အသတ်ခံခဲ့ရတာ။ သင်္ကန်းညီနောင်ဘက်မှာက အခြေအနေက‌ မကောင်းဘူး။ အခု မြို့ထဲကသူတွေရော အနီးအနားက သူတွေပါ အကုန်လုံးစစ်ရှောင်နေတယ်” လို့ ပြောပါတယ်။

စစ်ရှောင်အမျိုးသား အသတ်ခံရတာနဲ့ပတ်သက်ပြီး KNU/PDF အဖွဲ့နဲ့ စစ်ကောင်စီက ထုတ်ပြန်ထာတာမရှိသလို ရွာသစ်မှာ KNU အဖွဲ့ရော စစ်ကော‌င်စီအဖွဲ့ပါ လှုပ်ရှားနေတဲ့အတွက် ဘယ်အဖွဲ့သတ်တယ်ဆိုတာမသိဘူးလို့ ဒေသခံတွေက ပြောပါတယ်။

KNLA ပူပေါင်းတပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်တို့တိုက်ပွဲပြင်းထန်တာကြောင့် သင်္ကန်းညီနောင်၊ ရွာသစ်ရွာနဲ့ ဝှေ့ရှမ်းကျေးရွာတို့မှာနေထိုင်တဲ့ အရပ်သားပြည်သူတွေဟာ မြဝတီမြို့နဲ့နီးစပ်ရာတောတောင်ထဲကို မတ် ၁၅ ရက်နေ့က စစ်ဘေးတိမ်းရှောင်ခဲ့တယ်လို့ စစ်ဘေးရှောင်ကူညီသူတယောက်က ပြောပါတယ်။

သင်္ကန်းညီနောင်တိုက်ပွဲတွေကြောင့် အရပ်သားပြည်သူ ၂၀ လောက် သေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့သလို သင်္ကန်းညီနောင်မြို့၊ ရွာသစ်ကျေးရွာ၊ မဲကနယ်၊ ဖားကျောင်း၊ ဝှေ့ရှမ်း၊ မြစန္ဒီနဲ့ အနီးအနားကျေးရွာ‌တွေက ပြည်သူ ၅,၀၀၀ ကျော် စစ်ဘေးတိမ်းရှောင်နေရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013